Posts

Showing posts from June, 2019

အရမ်းထမင်းမြိန်စေတဲ့ ပဲပြုတ် ငရုတ်သီးထောင်းလေးပါ။

Image
ထောင်းနည်းလေးက အရမ်းလွယ်ပါတယ်ရှင့်။ ပြုတ်ထားပြီးသား ဘယ်လိုပဲမဆို ထောင်းစားရင်တကယ်စားကောင်းတာပါ ။ ကြက်သွန်ဖြူလေးရယ် ၊ ငရုတ်သီးအကြမ်းမှုန့်ရယ် အရင်ရောထောင်းပြီးထည့် အချိုအငန် အရသာ ထည့်ပြီးထောင်းထားတာပါ။ ပန်းကန်ထဲထည့်ပြီးမှ မြေပဲဆီလေးဆမ်း အာ့တာဆိုရပါ ပြီရှင့်။

ထမင်းနှင့် နှယ်ဖတ်စားရင် အရမ်းမြိန်တဲ့ ခရမ်းသီးကို ငပိမပါဘဲ ပဲပုတ်လေးနဲ့နှပ်

Image
ချက်နည်းလေးက ကြက်သွန်ဖြူ ....နီ ၊ ခရမ်းချဉ်သီး ဆီသပ် ပဲပုတ်အစိုနည်းနည်းထည့် ၊ အရောင်တင်ထည့် ၊ နနွင်းထည့်၊ ဆားထည့် ၊ အချိုထည့်ပြီး၊ ပဲပုတ်အနံ့လေးမွှေးလာတဲ့အထိ မွှေပြီးကြော် ပြီးခရမ်းသီးထည့် ၊ ရေနွေးနည်းနည်းထည့်ပြီး ၊ ခနအဖုံးအုပ်၊ ခုလို ခရမ်းသီးအိပြီး ဆီပြန်ထိတည်ရင် ရပါပြီနော်။

ပေါင်မုန့်မီးကင်စက်မလိုဘဲအရသာရှိတဲ့ ပေါင်မုန့် မီးကင် ပြုလုပ်နည်း

Image
မနက်စာအနေနဲ့ လူများစားသုံးနေကြတဲ့ အစားအစာတွေထဲမှာ ပေါင်မုန့်မီးကင်ကလည်း မပါမဖြစ်ပါ။ အချို့သူများက ပေါင်မုန့်မီးကင်စားလိုကြပေမယ့်လည်း ပေါင်မုန့်မီးကင်စက်က ဈေးကြီးလို့ဖြစ်စေ၊ ပျက်သွားလို့ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် အခွင့်အရေးမရကြတာတွေရှိပါတယ်။ ဒါပေမယ့် မပူပါနဲ့။ ပေါင်မုန့်မီးကင်စက်မရှိလည်း လက်ကိုင်ပါဒယ်အိုးတစ်လုံးရှိရုံနဲ့ ပေါင်မုန့်မီးကင်ကို အခက်အခဲမရှိ စားသုံးနိုင်ပြီဖြစ်လို့ နည်းလမ်းလေးကို အခုပဲ ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။ နည်းလမ်း (၁) – ထောပတ်မပါဘဲ အီစိမ့်တာကိုမကြိုက်သူတွေ၊ မတည့်သူများအတွက် ဒီနည်းလမ်းလေးကို အသုံးပြုနိုင်ပါတယ်။ လိုအပ်သည့်ပစ္စည်းများ မကပ်သည့် လက်ကိုင်ပါဒယ်အိုး ယောက်မ ပေါင်မုန့်ချပ် ယို (နှစ်သက်ရာ) ပန်းကန်ပြား ချက်ပြုတ်ပုံ ဒယ်အိုးကို မီးအေးအေးနဲ့ ၁ မိနစ်လောက်အပူပေးပါ။ ဒယ်အိုးပူလာပြီဆိုရင် ပေါင်မုန့်ချပ်ကိုတင်လိုက်ပါ။ မျက်နှာပြင်ညီညာစေဖို့ ယောက်မနဲ့ ဖြည်းဖြည်းချင်းလိုက်ဖိပေးပါ။ မီးအေးအေးမှာ အချိန်၂ မိနစ်ပြည့်အောင် ကင်ပြီးရင် နောက်တစ်ဖက်ကိုလှန်လိုက်ပါ။ နောက်တစ်ဖက်ကိုလည်း ရွှေညိုရောင်သမ်းသည်အထိ မီးအေးအေးနဲ့ ကင်ပေးပါ။ ထုံးစံအတိုင်း အနားတွေကို ယောက်မနဲ့လိုက်ဖိပေးပါ။

ချဉ်ရည်ဟင်းမျိူးစုံနဲ့ သိပ်လိုက်ဖက်တဲ့ငရုတ်သီးဆားထောင်း

Image
ချဉ်ရည်ဟင်းနဲ့ထမင်းစားရင်ငရုတ်သီးထောက်းက မုန်လာဥအတွက် မပါမဖြစ်ပါ ထောင်းရတာလွယ်ပါတယ် ပါဝင်ပစ္စည်းများ ••••••••••••• ကြက်သွန်ဖြူ - ၃မွှာ ဆား.ဟင်းခတ်မှုန့် -ဇွန်းထိပ်ဖျား ငရုတ်သီးအကျက်မှုန့်-ထမင်းစားဇွန်း၂ဇွန်း ပဲဆီ-လက်ဖက်ရည်ဇွန်း၁ဇွန်း ပြုလုပ်ပုံနှင့်ပြင်ဆင်ပုံ ကြက်သွန်ဖြူ၃မွှာကိုအခွံနွှာထားပါ ငရုတ်ဆုံထဲမှာညက်အောင်အရင်ထောင်းပါ ဆား.ဟင်းခတ်မှုန့်ထည့်ထောင်းပါ ငရုတ်သီးအကျက်မှုန့်ထည့်ထောင်းပါ သမသွားရင် ပန်းကန်တစ်ခုထဲကိုထည့်ပြီးအပေါ်မှ ပဲဆီမွှေး ဆမ်းပါ **ချဉ်ရည်ဟင်း၊ချဉ်ပေါင်ဟင်းတို့နဲ့သုံးဆောင်ရင်အတော်လိုက်ပါတယ်** ချစ်တဲ့ မုန်လာဥ(အိမ့်ကြည်ဖြူမွှေး) Credit; Carrot Food Channel

ပြောင်းဖူးမီးဖုတ်အစပ်သုပ်

Image
သူများတွေဟင်းချက်နည်းတင်တာတွေ့လို့ ကိုယ်လည်းတင်လိုက်ဦးမယ် အရမ်းစားလို့ကောင်းတယ် ပါဝင်ပစ္စည်းများ ပြောင်းဖူး - တဖူး(မီးဖုတ်ပြီး အစေ့ထုပ်ထားပါ) ခရမ်းချဉ်သီး - တလုံး(ပါးပါးလှီး) ကြက်သွန်နီ - တလုံး (ပါးပါးလှီး) ဆား - သင့်ရုံ အချိုမှုန့် - သင့်ရုံ သံပုရာရည် - သင့်ရုံ ဆီချက် - သင့်ရုံ ငရုပ်သီးစိမ်း - နှစ်သက်သလိုထည့်ပါ ပါဝင်ပစ္စည်းတွေကို ရောနှောပြီး သုပ်ပေးရုံပါပဲ။ ဘီယာနဲ့ပဲမြည်းမြည်း ထမင်းနဲ့ပဲစားစား လိုက်ဖက်ပါတယ်။ ပူပူစပ်စပ်လေးအရမ်းစားကောင်းလို့ပြောပြပေးတာပါ

မှိုသောက်ဆမ်းလေး ချက်ရအောင်

Image
ထမင်းမြိန်စေမယ့် မှိုသောက်ဆမ်းလေးကို ပိတ်ရက်မှာ လွယ်လင့်တကူချက်စားနိုင်အောင်လို့ အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ မှို၊ ငရုတ်သီးစိမ်း၊ ဆား၊ ဆီ၊ နနွင်းမှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နံနံပင် တို့ လိုအပ်ပါမယ်။ ပထမဦးဆုံး မှိုကို ရေဆေးပြီး လှီးဖြတ်ထားပါ။ ပြီးလျှင် နံနံပင်ကို ရေဆေးပြီး စစ်ထားပါ။ ကြက်သွန်နီကို အခွံခွာ ရေဆေးပြီး ပါးပါးလှီးထားပါ။ ပြီးနောက် ကြက်သွန်ဖြူကို အခွံခွာပြီး ရေးဆေး၍ ဓားပြားရိုက်ထားပါ။ ပြီးလျှင် ငရုတ်သီးစိမ်းကို ရေဆေးပြီး မညက်တညက်ထောင်းထားပါ။ ပြီးနောက် ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီပူလာပါက နနွင်းမှုန့်ထည့်လိုက်ပါ။ ပြီးရင်တော့ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို နွမ်းရုံလေး ဆီသတ်ပေးပါ။ ကြက်သွန်များ နွမ်းလာပြီဆိုတာနဲ့ ငရုတ်သီးစိမ်းထောင်းပြီးသားကို ထည့်ကြော်လိုက်ပါ။ ပြီးနောက် ငရုတ်သီးနံ့သင်းလာပြီဆိုလျှင် ဆားနှင့် မှိုကို ထည့်ကြော်လိုက်ပါ။ မှိုများ နွမ်းလာပြီဆိုတာနဲ့ ရေအနည်းငယ်ထည့်၍ ရေဆူအောင် တည်ပေးပါ။ ရေပွက်ပွက်ဆူလာပြီဆိုရင်တော့ ကိုယ်စိတ်ကြိုက် ရေထည့်ကာ အရသာမြည်းကြည့်ပြီး လိုအပ်သလို ပြုပြင်နိုင်ပါတယ်။ ရေပွက်ပွက်ဆူလာပြီး အရသာလဲ အနေတော်ရပြီဆိုရင် နံနံပင် အုပ်ပ

ပဲ ကြော် (သို့) ပဲကပ် ကြော်

Image
မုန့်ဟင်းခါး ၊ အုန်းနို့ခေါက်ဆွဲ ၊ ခေါက်ဆွဲသုပ် ၊ ရေနွေးကြမ်း တွေနဲ့ မပါမဖြစ်လောက်အောင်ကို လိုက်ဖက်ပြီး သုံးဆောင်ရတာလည်း အရမ်းအဆင်ပြေတဲ့ ၊ မိမိကိုယ်တိုင် စိတ်တိုင်းကျစီမံနိုင်တဲ့ ပဲကပ်ကြော်လေးပါ။ ပါဝင်ပစ္စည်းများ ၁။ မွှေးကုလားပဲခြမ်း 150g ၂။ ရွှေလိပ်ပြာအကြော်မှုန့် 150g ၃။ အချိုမှုန့် ၁ ဇွန်း (လက်ဖက်ရည်ဇွန်း) ၄။ ဆား ဇွန်းတစ်ဝက် (လက်ဖက်ရည်ဇွန်း) ၅။ ဂျင်း အနည်းငယ် (လက်တစ်ဆစ်) ၆။ ကြက်သွန်ဖြူ အနည်းငယ် ( ၄ မွှာ ) ၇။ ရေ 400ml ၈။ ဆီ ၅၀ ကျပ်သား ပြုလုပ်ပုံ အဆင့်ဆင့် ၁။ မွှေးကုလားပဲခြမ်းကို ရေမြုပ်အောင်ထည့်၍ ၃ နာရီခန့်စိမ်ထားပါ။ ပြီးလျှင် ပဲကိုရေစစ်ပြီး ကြော်ပါ။ ၂။ ရွှေလိပ်ပြာအကြော်မှုန့်ထဲသို့ ရေ 400 ml ထည့်၍ သမအောင်မွှေပါ။ ပြီးလျှင် ထောင်းထားသော ဂျင်းနှင့် ကြက်သွန်ဖြူ၊ ဆား၊ အချိုမှုန့် နှင့် ကြော်ထားသောကုလားပဲခြမ်းတို့ကို ထည့်၍မွှေပါ။ ၃။ ကုလားပဲခြမ်းမုန့်နှစ်ရည်ကို ဆီထဲသို့ ၀ိုင်းဝိုင်းလေးဖြစ်အောင်လောင်းထည့်ပြီး ကြော်ပါ။ မှတ်ချက်။ ။ အကယ်၍ ပဲခြမ်းပိုပွလိုပါက ပဲခြမ်းကို ရေစိမ်တဲ့အခါ ဆော်ဒါအနည်းငယ် ထည့်ပြီး စိမ်ထားပေးနိုင်ပါတယ်

စားလို့အရမ်းကောင်းတဲ့ အိန္ဒိယစတိုင် ကုလားပဲသုပ်

Image
အိန္ဒိယအစားအစာဖြစ်ပြီး ခံတွင်းတွေ့စေမယ့် ကုလားပဲသုပ်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ ပါဝင်ပစ္စည်းများကတော့ ကုလားပဲအလုံး၊ ကုလားပဲခမ်း၊ အာလူး၊ ကုလားပဲအစိမ်းမှုန့်၊ ကော်ပြန့်အရွက်၊ နနွင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်၊ မဆလာ၊ ဆီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအစိမ်းမှုန့်၊ ပူစီနံ၊ ဂေါ်ဖီ၊ သံပရာသီး၊ ငရုတ်သီးစိမ်း၊ ချင်း တို့ လိုအပ်ပါတယ်။ ပထမဦးဆုံး ကုလားပဲအလုံးကို တစ်ညကြိုပြီးရေစိမ်ထားပါ။ ပြီးလျှင် စိမ်ထားတဲ့ကုလားပဲအလုံးကို ရေသန့်စင်အောင်ဆေးပြီး နူးပြီးကျက်သည်အထိ ပြုတ်ပေးပါ။ ပြီးနောက် ဘယာကြော်အတွက် ကုလားပဲအစိမ်းကို တစ်နာရီခန့် ရေစိမ်ထားပေးပါ။  ပြီးရင်အာလူးကိုလဲ နူးအိလာအောင် ပြုတ်ထားပေးပါ။ ပြီးလျှင် ဘယာကြော်အတွက် စိမ်ထားတဲ့ ကုလားပဲကိုလည်း ညှက်သည်အထိထောင်းပေးပါ။ ပြီးနောက် ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ထောင်းထားတဲ့ ကုလားပဲထဲကို  ကြက်သွန်နီ၊ ဆား၊ ဟင်းခတ်မှုန့်၊ မဆလာ တို့ကိုထည့်ပြီး စေးပိုင်သွားအောင် သေချာဖျစ်နယ်ပေးပါ။ ပြီးလျှင် ဆယ့်ငါးမိနစ်ခန့်ခဏ နှပ်ထားပေးပါ။ ပြီးနောက် အာလူးအစိမ်း ၃လုံးလောက်ကို အတုံးသေးလေးများလှီးထားပါ။ ကြက်သွန်နီကို အတုံးသေးလေးများ လှီးပေးထားပါ။ ပန်းကန်းလုံးကြီးထဲကို လ

သတ်သတ်လွတ်ဘူးညွန့်ကြော်

Image
အူလမ်းကြောင်းဟာ အညစ်အကျေးတွေနဲ့ပြည့်နေလေ့ရှိပါတယ်။ အညစ်အကျေးတွေက အစဉ်အမြဲရှိနေတတ် တော့ အဲဒီ့အညစ်အကျေးတွေကနေဖြစ်လာတဲ့ ချိုးတွေလည်းအူနံရံ တွေမှာကပ်နေလေ့ရှိပါတယ်။ လူတွေရဲ့အူဟာ အမြဲတန်းသန့်နေဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ သွေးဟာအူတွေကနေစ ဖြစ်တာမို့လို့ပါ။အစားအသောက်တွေကနေရလာတဲ့ အာဟာရရည်ကို အူတွေကနေစုပ်ယူပြီး သွေး အဖြစ်ပြောင်းလဲပေးတာပဲဖြစ်ပါတယ်။ဒါကြောင့်အူသန့်ရင်သွေးသန့်မယ်၊ အူမသန့်ရင် သွေးမသန့် ဘူးဆိုတာထင်ရှားပါတယ်။ အူတွေကိုသန့်ရှင်းပေးတော့မှ အဆိပ်တောက်ကင်းတဲ့ သွေးသန့်ကိုရမှာပဲဖြစ်ပါတယ်။ ခန္ဓာကိုယ် မှာကသွေးကအဓိကပဲ။ သွေးသန့်ရင်ရောဂါကင်းမယ်၊ သွေးညစ်ရင်ရောဂါများမယ်။သွေးသန့်ဖို့အတွက် အူသန့်အောင်လုပ်ပေးရမှာပဲဖြစ်ပါတယ်။ အူတွေသန့်ရှင်းအောင်လုပ်ဖို့ကလည်းမခက်ပါဘူး။ စင်ထိုးပြီးစိုက်ရတဲ့ အညွန့်အရွက်တွေစားပေးရုံပါပဲ။ ဘူးညွန့်၊ဂေါ်ရခါးညွန့်၊ရွှေဖယုံညွန့်စတဲ့ အညွန့်အရွက်တွေမှာ အမွှေးအမျှင်လေးတွေပါပါတယ်။ အဲဒီ့အရွက်အညွန့်တွေဟာ မျက်နှာသုတ်ပဝါမှာပါတဲ့ အမွှေးလေးတွေလိုပဲသုတ်လို့ရှိရင် စင်ကြယ် သွားပါတယ်။ အဲဒီအမွှေးအမျှင်ပါတဲ့ အညွန့်အရွက်တွေကိုကြော်ပြီးစားပါ။ အစာလမ်းကြောင်း တစ်လျှောက်က အညစ်အကျေးတွေကို

ကိုင်းခရမ်းချဉ်သီးနှင့်ကြက်သွန်ဖူးချက်

Image
ကိုင်းခရမ်းသီးမှည့်မှည့်.............၇လုံးခန့် ကြက်သွန်နီ...........................၁လုံး ကြက်သွန်ဖြူ..........................၅တက် ကြက်သွန်နီဖူး........................၁စည်း ငရုတ်သီးစိမ်း.. .....................၅တောင့် နံနံပင်.................................အနည်းငယ် ကြက်သွန်နီ၊ကြက်သွန်ဖြူကို ညှက်အောင်ထောင်းပါ။ ကိုင်းခရမ်းချဉ်သီးမှည့်တွေရဲ့အစေ့ကိုတစ်ဝက်ခန့်ညှစ်ထုတ်ပြီးခပ်ကြမ်းကြမ်းလှီးပါ။ ကြက်သွန်ဖူးကို၁လက်မခန့်ပိုင်း ဖြတ်ပါ။ငရုတ်သီးစိမ်းကိုထက်ခြမ်းခွဲ ထားပါ။နံနံပင်ကိုသန့်စင်ရေဆေး ထားပါ။ ဒယ်အိုးတစ်လုံးရဲ့အောက်ခြေမှာထောင်းထားသောအရောကိုဖြန့်ထည့်ပါ။ ဆီ၊ဆား၊ဟင်းခတ်မှုန့်၊နနွင်း၊အရောင်တင်တို့ကိုအနည်းငယ်စီထည့်ပါ။ ကိုင်းခရမ်းချဉ်သီးတွေကိုအပေါ်ကအုပ်ထည့်ပြီးမီးရှိန်အေးအေးမှာအဖုံးပျတ်ပြီးစတင်ချက်ပါ။ ခရမ်းချဉ်သီးတွေအနှစ်ကျပြီးရေခမ်းဆီပြန်ပါမှအဖုံးဖွင့်ပြီးညင်သာစွာမွှေပေးပါ။ ကြက်သွန်ဖူး၊ငရုတ်သီးစိမ်းခြမ်းတောင့် တွေထည့်ပြီးပါမှရေအနည်းငယ်လေး ဖြည့်စွက်ကာ အဖုံးပိတ်ပြီးဆီပြန်လာသည်အထိချက်ပါ။ မီးဖိုပေါ်မှချခါနီးမှာနံနံပင်လေးအုပ်ပြီးသုံးဆောင်ပါ။ သက်သတ်လွတ်ဟင်းဖြစ်တာ ကြောင့်အလိုက်ဖက်ဆုံးအတွဲအဖက် ကတော့င

သီးရွက်စုံသနပ်

Image
နွေရာသီ နဲ့အလွန်လိုက်ဖက်တဲ့ ၊ သီးရွက်စုံ သနပ်လုပ်နည်းကို တင်ဆက်ပေးချင်ပါတယ်ရှင်။ အလွန်လျှင်မြန်ပြီးလွယ်ကူပါတယ်။ စားလို့လဲ ကောင်းသလို အကုန်အကျလဲသက်သာပါတယ်။ ကျန်းမာရေးနဲ့လဲ ညီညွတ်ပါတယ်ရှင်။ ပါဝင်ပစ္စည်းတွေကတော့ 🌻 ဆီ ၅ ကျပ်သား ✅ ဂေါ်ဖီထုတ် ၁၀ သား ✅ ပန်းဂေါ်ဖီ ၁၀ သား ✅ ပဲတောင့်ရှည် ၁ စီး ✅ ပဲဇောင်းလျားသီး ၅ တောင့် ✅ ကြက်သွန်နီ ၂ လုံး ✅ ရှာလကာရည် လက်ဖက်ရည်ကြမ်းပုဂံ ၁ လုံး ✅ နှမ်းအနက်လှော် အနည်းငယ် ✅ ဆားအနည်းငယ် ✅ ဟင်းခတ်မှုန့်အနည်းငယ် ✅ ဆနွင်းအနည်းငယ် တို့ဖြစ်ပါတယ်ရှင်။ ဟင်းသီးဟင်းရွက်များကိုအနေတော် လှီးဖြတ်ပြီးရေဆေးထားရပါမယ်။ ပဲသီးတောင့်ကိုတော့ ၆ လက်မလောက်စီနဲ့ ပဲဇောင်းလျား သီးကိုတော့ ဘေးက အမှေးတွေ နွှင်ပြီးအတောင့်လိုက် ပြင်ထားရပါမယ်။ ရေနွေးအိုး တအိုးတည်ပြီးအဲဒီထဲမှာ ရှာလကာရည် ကို ထမင်းစားဇွန်း ၁ဇွန်းစာ ချန်ပြီး အကုန်ထည့်လိုက်ရပါမယ် ။ ဆားအနည်းငယ် နဲ့ဆနွင်းမှုန့်အနည်းငယ်ထည့်ရပါမယ်။ ပြီး၇င်တော့ ရေအေးတစ်ဇလုံကိုလဲ ဘေးမှာ ပြင်ထားရပါမယ်၊ ဒါမှ မဟုတ်ရင် လဲ ရေခဲသေတ္တာထဲ ထည့်ပြီး အအေးခံတာဖြစ်ဖြစ်၊ ရေခဲတုံးတွေ ထည့်ထားပြီး အဲဒီအပေါ်မှာ ပြုတ်ပြီးသားကို ဆယ်တာဖြစ်ဖြစ် လဲ ရပါတယ်။ အသီးအရွက်တွေကို တ

သီးရွက်စုံကြက်ဥဂျုံခေါက်ဆွဲကြော်

Image
ကြက်ဥဂျုံခေါက်ဆွဲ..............၁စည်း ကြက်ဥ............................၂လုံး ကြက်သွန်ဖြူ......................၂တက် ဂေါ်ဖီ ပန်းပွင့် ဥနီ မုန်ညှင်းဖြူ ရွှေပဲသီး ကြွက်နားရွက်မှို ကြက်သွန်မြိတ်+တရုတ်နံနံ ကြက်ဥဂျုံခေါက်ဆွဲကိုပြုတ်ပါ။ ရေအေးလောင်းပြီးရေစစ်အအေးခံထားပါ။ အသီးအရွက်တွေကိုမိမိနှစ်သက်သလို အရွယ်ညီလေးတွေ လှီးပြီးရေနွေးဖျောထားပါ။ ကြက်ဥကိုမွှေခေါက်ထားပါ။ကြက်သွန်ဖြူ ကိုနုပ်နုပ်စဉ်းထားပါ။ ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကို အပူပေးပြီးကြက်ဥတွေကိုထည့်ပြီးမွှေကြော်ပါ။ အသားထည့်မည်ဆိုကအသားတွေထည့်ကြော်ပါ။ အသားနူးလောက်ပြီဆိုမှရေနွေးဖျောထားတဲ့ အသီးအရွက်တွေထည့်ကြော်ပါ။ ပဲငံပြာရည်အကြည်၊အပျစ်၊ခရုဆီ၊သကြား၊ကြက်သားမှုန့်တို့ဖြင့် အရသာဖြည့်စွက်ပါ။ ရေနွေး(သို့)အသားပြုတ်ရည်လေးအနည်းငယ်ထည့်ပေးပါ။ ရေစပ်စပ်အနေအထားလေးမှာခေါက်ဆွဲတွေထည့်ပြီးမွှေကြော်ပေးပါ။ ၁လက်မခန့်လှီးဖြတ်ထား တဲ့ကြက်သွန်မြိတ်+ တရုတ်နံနံတွေထည့်ပါ။ ငရုတ်ကောင်းမှုန့်လေးအနည်းငယ်ဖြူ းပေးပါ။

မုန်လာဥနီကြွပ်ကြွပ်ရွရွကြော်

Image
အသားများများစားတာထက်စာရင် ဟင်းသီးဟင်းရွက်လေးလည်းစားပေးမှ ကျန်းမာရေးအတွက် အထောက်အကူဖြစ်မယ်ဆိုတာ အားလုံးလည်း သိကြပြီးဖြစ်မှာပါ။ အိမ်က သားသားမီးမီးတွေ ဟင်းသီးဟင်းရွက်ကျွေးရတာခက်နေရင် အခုလိုမျိုးလုပ်ကျွေးရင်" မေမေရေ…..သားသားတို့ကို ဒါလေးခဏခဏကြော်ကျွေးပါ" လို့ ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် လုပ်ရတာလည်းလွယ် ကလေးတွေလည်း ကြိုက်မယ့် မုန်လာဥနီကြွပ်ကြော်လေးကို တင်ဆက်ပေး လိုက်ရပါတယ်နော်။ မုန်လာဥနီက ကျန်းမာရေးအတွက်ကောင်းသလို ကင်ဆာရောဂါကိုကာ ကွယ် ပေးတဲ့ အသီးအနှံ လည်းဖြစ်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကတော့။ မုန်လာဥနီ ၁ တောင့် ကြက်ဥ ၁ လုံး ကော်မှုန့် ထမင်းစားဇွန်း ၁ဇွန်း ဂျုံမှုန့် ထမင်းစားဇွန်း ၁ဇွန်း ကြက်သွန်မြိတ် အနည်းငယ် ငရုတ်ကောင်းမှုန့် အနည်းငယ် ဆား အနည်းငယ် . ပြုလုပ်နည်း . ၁။ မုန်လာဥနီတစ်တောင့်ကို အခွံ့ခွာပြီး အမျှင်ကလေးများဖြစ်အောင်ခြစ်ပေးထားပါ။ . ၂။ ကြက်သွန်မြိတ်ကိုလည်း ရေစင်အောင်ဆေးပြီး ပါးပါးလှီးပေးထားပါ။ . ၃။ ကော်မှုန့်နှင့် ဂျုံမှုန့်ကို ရောမွှေထားပါ။ . ၄။ ဇလုံတစ်လုံးထဲတွင် မုန်လာဥနီအမျှင်လေးများ၊ ကြက်သွန်မြိတ်၊ ကော်မှုန့်နှင့်ဂျုံမှုန့် ၊ ကြက်ဥတစ်လုံး၊ ဆားအနည်းငယ်၊ ငရုတ်ကောင်းမှ

ဆေးဘဲဥကြော်

Image
ရိုးရိုးလေးနဲ့ အမှတ်မထင် တော်တော်စားကောင်းတဲ့ ဟင်းရံလေးပါ .. အိမ်မှာ ဆေးဘဲဥကို အားလုံးကြိုက်ကြတော့ ခါတိုင်းလို သုပ်မစားပဲ တစ်မျိုးတီထွင် ကြော်ကြည့်တာပါ .. ကြော်နည်းက လွယ်လွယ်လေးပါ .. ဆေးဘဲဥကို ၄စိတ်စိတ်ပါ .. ဆေးဘဲဥက များသောအားဖြင့် မခဲပဲ အထဲမှာ အနှစ်ရည်ရှိတတ်ပါတယ် .. အဲဒါကြောင့် ၄ စိတ်စိတ်ပြီးတာနဲ့ အကြော်မှုန့် ခင်းထားတဲ့ ပန်းကန်ပြားထဲထည့်ပါ .. အပေါ်ကနေ ဆားလေး နှံ့အောင်ဖြူး , အကြော်မှုန့် ခပ်မြန်မြန်ထပ်ဖြူးပြီး သိပ်သိပ်လေးဖြစ်သွားအောင် လုပ်လိုက်ရင် အနှစ်ရည် စီးမကျတော့ပါဘူး .. အကြော်မှုန့်နဲ့လူးသွား အောင် သေချာ ဖွဖွလေးနယ်ပါ .. ဆီများများလေး ဆူအောင်တည်ပြီး ဆီပူထဲ အရင်ဆုံး ပျဉ်းတော်သိမ်ရွက်လေး ထည့်ကြော်ပါ .. ပျဉ်းတော်သိမ်လေးတွေ ဆီစစ် ဖယ်လိုက်ပါ .. ရနံ့မွှေးမွှေးလေး ကျန်တဲ့ဆီထဲ ဆေးဘဲဥအစိတ်လေးတွေ ထည့်ကြော်လိုက်ပါ .. ဆီများမှ အပေါ်ယံလေး ကြွပ်ကြွပ်ကလေး ဖြစ်ပါတယ် .. ပြီးမှ ဆီတွေ ပြန်စစ်ပါနော် .. အားလုံးကြော်ပြီးသွားရင် ဆေးဘဲဥလေးတွေ ဆယ်ပြီး ပန်းကန်ထဲထည့်ပါ .. အိုးထဲက ဆီတွေခပ်ဖယ်ပြီး နဲနဲကလေးပဲ ချန်ထားပါ .. အဲဒိထဲ နှမ်းလှော်လေးတွေ ထည့်မွှေကြော်ပါ .. နှမ်းလေးတွေ မတူးအောင် မွှေပြီးတာနဲ့ မီးဖိုပ

နွာနို.ခဲကြော် ခရမ်းချဉ်သီးချက်..

Image
သက်သတ်လွတ်အစားအစာတစ်ခုဖြစ်သလို အညာ အစားအစာ တစ်ခုပါပဲရှင်…အညာမှာတော.နွားန.ိုကိုဆူအောင်တည်ပြီး အညာဖက်မှာပေါက်တဲ. အပင်က အကိုင်းလေးတွေကို ချိုးလိုက်ရင် ထွက်လာတဲ.နို.စေးလေးသုံး၊ လေးစက်ထည်.မွေလိုက်တာနဲ. အရည်နဲ.အဖတ်ကွဲသွားတဲ. အချိန် ပိတ်ပါးလေးနဲ.စစ်ကာ ရေညှစ်ပြီးကျောက်ပြင်နဲ.ဖိထားလိုက်လို. အေးသွားရင်နို.ခဲရပါပြီ…. ဒီအစေးမရနိုင်တဲ.နေရာတွေမှာ ရှောက်ရည် (သို.) သံပုရာရည်ကို သုံးပြီးလုပ်ကြပါတယ်ရှင်.. နွားနိုခဲကြော် ခရမ်းချဉ်သီးချက်အတွက် -နွာနို.ခဲ - ၃၀၀ g ကို 1"လောက်တုန်းပြီးကြော်ကာ ဆီစစ်ထားပါ။.. -ခရမ်းချဉ်သီး - ၃ လုံး ကို ပါးပါးလှီးထားပါ၊ -ကြက်သွန်ဖြူ - ၂ မွာ -ကြက်သွန်နီ - ၂ လုံး -ဆား၊ နနွင်း၊ ငရုပ်အရောင်တင်၊ အရသာမုန်.၊ ငံပြာရည် - အနဲငယ်စီ -ငရုပ်သီးစိမ်း - ၅ တောင့် -နံနံပင် - ၃ ပင် -ကြက်သွန်ဖြူ ၊ နီကိုခွာကာ ရေဆေးပြီး ငရုပ်အရောင်တင်ထည်.ကာ ညှက်အောင်ထောင်းပါ၊ ချက်မည်.ဒယ်အိုးထဲသို. ဆီထမင်းစားဇွန်း (၃) ဇွန်းခန်.ထည်.ပြီး ဆီကျက်လျင် ထောင်းထားသော ကြက်သွန်ဖြူ ၊ နီနှင့် နနွင်းကို ထည်.ကာဆီသတ်ပါ၊ ကြက်သွန်နီညိုရောင်သန်းလာလျင် ပါးပါးလှီးထားသောခရမ်းချဉ်သီးနှင့် ဆား၊ အရသာမုန်.၊ငံပြာရည် တို.ကိုထည်.ကာ ခရမ်း

သီးစုံ စားတော်ပဲဟင်း

Image
စားတော်ပဲကို ကျမပြုတ်တာ ပဲပြုတ်လိုဖြစ်မလာဘဲ.. အခွံနဲ့ ပဲစိပြူးပြူးလေးတွေဖြစ်သွားပါ တယ်....အခွံ တွေချွတ် လိုက်ပါတယ်.... စားကြည့်တော့ နူးပါတယ်.... ပဲပြုတ်မဖြစ်တဲ့အတူတူ... ပဲဟင်းသက်သတ်လွတ်ဘဲ ချက်တော့မယ်ဆိုပြီးအိမ်မှာရှိနေတဲ့... ဂေါ်ရခါးသီး၊ ခရမ်းသီး၊ ရုံပတီသီးနဲ့ ရောပြီး သီးစုံချဉ်ဟင်းလေးချက်လိုက်ပါတယ်... အချဉ်အတွက် မကျီးသီးကုန်နေလို့ ရှာလကာရည်ကိုသုံးပြီး... သကြားလဲ အနည်းငယ်ပါပါတယ်... အသီးတွေကို အနေတော် တုံးပြီး နူးအောင်လုံးပြီးမှ အချဉ်ထည့်.. ပြုတ်ထားတဲ့ပဲထည့်လိုက်တာပါ.... အသီးတွေလုံးကထဲက ပျဉ်းတော်သိမ်ရွက်နဲ့...မုန်ညှင်းစေ့အနည်း ငယ်ကို မွှေးအောင်ထည့်လုံးပါတယ်....

ကောက်ညှင်းပေါင်းနှင့်ကြက်သွန်ကြော်

Image
ဒီနေ.တော. မနက်စာကို ကောက်ညှင်းပေါင်းနဲ. ကြက်သွန်ကြော်ကြော်စားဖြစ်တယ်.. မနက်စာကို ပေါင်မုန်.အမြဲမစားနိုင်သူအတွက် ကျွန်မရုံးမသွားမှီ မြန်မာအစားအစာလေးတွေ တတ်နိုင်သမျှ အချိန်လုပြီး ချက်ဖြစ်ပါတယ်.. ကောက်ညှင်းကိုလဲ Rice Cooker နဲ.အလွယ်တကူချက်စားပါတယ်… ကောက်ညှင်းပေါင်းအတွက် ကောက်ညှင်းဆန် - ဆန်ချိန်ခွက် ၂ ခွက် ကို ရေဆေးပြီရေ (1) နာရီလောက်စိမ်ထားပါ.. နှမ်းဆီ (သို.) မြေပဲဆီ - ထမင်းစားဇွန်းသုံးဇွန်း နှမ်းလှော် - ထမင်းစားဇွန်း - ၂ဇွန်း ကို ဆားအနဲငယ်ထည်.ပြီးထောင်းထားပါ။ စားတော်ပဲပြုတ် - ၁၀၀ g ငါးခြောက် (သို.) ဆိတ်သားခြောက် -Rice Cooker ထဲကို ရေဆေးပြီးတထား တဲ.ကာက်ညင်းဆန် ကိုထည့်ပါ။ ကောက်ညှင်းရေစိမ်ထားပါက ရေကို ဆန်ချိန်ခွက် ၂ ခွက်ထည်.ပြီး ရေမစိမ်ပါက ၃ခွက်ထည်.ပြီး း ထားကာ တစ်နာရီလောက်ကြာလျှင် ကောက်ညှင်.စေ.ပျောက်ကာ ကောက်ညှင်းရပါပြီ.. ကြက်သွန်ကြော်အတွက် -ကြက်သွန် 3လုံး ကိုရေဆေးကာ ပါးပါးလှီးထားပါ အကြော်မှုန်. - ထမင်းစားဇွန်း (7) ဇွန်း - ကြက်သွန်ဖြူ - ၃ မွာ ၊ ဂျင်း - ၁” ကို အခွံခွာရေဆေးပြီးထောင်းထားပါ။ - ဆီ ( ၁၀) ကျပ်သား - ပုဂံတစ်ခုထဲသို.အကြော်မှုန်.နှင့် ထောင်းထားသော ကြက်သွန်ဖြူ၊ ဂျင်းကို ထည်.ပြီးရေအန

သက်သတ်လွတ်ခရမ်းချဉ်သီးချက်

Image
ခရမ်းချဉ်သီးမှည့်မှည့်တွေကို (၁၅လုံးလောက်)... လေးစိတ်စိတ်...အစေ့ထုတ်ပြီး ကြေသွားအောင်... အစေ့ထုတ်ထားတဲ့ ငရုတ်ပွ ၅တောင့်လောက်နဲ့ ကြက်သွန်နီ ကြက်သွန်ဖြူနဲ့ ရောကြိတ်ပါတယ်.. ဆီပူပူမှာ...ထည့်ပြီး..ရေတွေခမ်းသည်အထိချက်ပါတယ်....  အရသာအတွက် ဆားထည့်ပါတယ်.... ငရုတ်သီးစိမ်း ၂တောင့်ရေခမ်းတော့မှ ထည့်ပါတယ်....မွှေးအောင်လို့ပါ....  နံနံရွက်လေးအုပ်ပြီးစားရင် အလွန်စားကောင်းပါတယ်ရှင်.....

သက်သတ်လွတ်အာလူးကတ်တလိတ်

Image
အာလူးတွေကိုနူးအောင်ပြုတ်ပါတယ်... လက်နဲ့စိတ်ရှည်ရှည်ထားပြီးချေပါတယ်... ထောင်းလိုက်ရင် တအားစေးသွားတာကြောင့်ပါ... ချေထားတဲ့အာလူးကို ဆားအနည်းငယ်နဲ့နယ်ပါတယ်... အရွယ်တူအလုံးလေးတွေလုံးထားပါတယ်... အဆာသွပ်ဖို့အတွက် ကြက်သွန်နီနဲ့ ဂေါ်ဖီကို နုပ်နုပ်စင်းပြီးဆား  ငရုပ်ကောင်းမှုန့် အနည်းငယ်နဲ့ ရောနယ်ထားပါတယ်..... ပဲမှုန့်အစိမ်းကို မပျစ်မကျဲဖျော်ထားပါတယ်..... ပါတယ်ဆိုယုံဆီလေးနဲ့ အဆာသွန်မဲ့ ကြက်သွန်နီနဲ့ ဂေါ်ဖီကိုနွမ်းသွားအောင်လှော်ပါတယ်.... အာလူးလုံးထားတဲ့အရေအတွက်အတိုင်း အဆာတွေကို ပုံပါတယ်... ဒါမှ အဆာတွေမပိုမလိုဖြစ်မှာပါ.. ဥပမာ..အလားအလုံး၅လုံး..အဆာက ၅ပုံ...အာလူးလုံးလေးကိုအလယ်နေရာချိုင့်သွားအောင် လုပ်ပေးပြီး... အဆာတွေကို ဇွန်းနဲ့ အပုံလိုက်ခပ်ယူပါတယ်.... (အာလူးကို အဆာထည့်ပြီးပိတ်တဲ့အခါ လက်မပေအောင်ပါ) အာလူးအချိုင့်လေးထဲထည့်ပြီး အလုံးခပ်ပြားပြားလေးဖြစ်အောင်လုံးပေးပါတယ်... အာလူးအားလုံးအဆာသွပ်လုံးပြီးပြီဆိုရင်တော့ .... ခုနကဖျော်ထားတဲ့ ပဲအနှစ်ရည်ထဲမှာ နှစ်ပြီး ဆီများများထဲမှာ ကြော်လိုက်ရင် ရပါပြီ... အားကောင်းကြပါစေရှင်..

ပြောင်းဖူးထမင်းသုပ်

Image
ဒီနေ.ညနေစာက တစ်ယောက်ထဲဆိုတော. ပာင်းမချက်ပဲ ပြောင်းဖူးကော်ပြန်.လုပ်တုန်းက ကျန်နေတဲ. ပြောင်ဖူးတစ်ဖူးကို ပြုတ်ပြီး ထမင်းနဲ.ရောသုပ်စားလိုက်တယ်.. ပြောင်းဖူးပြုတ်ကြီးပဲသုပ်သုပ်၊ လက်ဖက်နဲတွြဲပီးသုပ်သုပ် ကျွန်မအတွက်တော.စားလို.ကောင်းတာပဲရှင်.. ပြောင်းဖူးထမင်းသုပ်အတွက် - ထမင်း - တရုတ်ပုဂံလုံး (1) လုံး ကိုဖွထားပါ။ - ပြောင်းဖူး နုနု -1 လုံးကို ပြုတ်ပြီး ချွေ (သို.) ပါးပါးလှီးထားပါ၊ -ကြက်သွန်နီ- တစ်လုံး ကိုအခွံခွာကာ ပါးပါးလှီးပြီးနရေဆေးကာ ရေစစ်ထားပါ။ - ခရမ်းချဉ်သီး - တစ်လုံး ရေဆေးပြီး ပါးပါးလှီးထားပါ -ဆား၊ အရသာမှုန်.- ငံပြာရည်၊ -ကြက်သွန်ဖြူဆီချက် - ထမင်းစာဇွန်း 1 ဇွန်း၊ -ပုဇွန်ခြောက်ထောင်း - ထမင်းစာဇွန်း 2 ဇွန်း၊ -ငရုပ်သီးအလှော်မုန်. - ထမင်းစားဇွန်းတဝက် - ကုလားပဲအလှော်မုန်.- ထမင်းစားဇွန်း 1 ဇွန်း -ငရုပ်သီးစိမ်း -2 တောင့် ရေဆေးပြီး ပါးပါးလှီးထားပါ… -နံနံပင် - 2 ပင်ကို ရေဆေးပြီး -သံပုရာသီးတစ်စိတ် (သို.) မန်ကျီးမှည်.ရည် - ထမင်းသားဇွန်း - 2 ဇွန်း ထမင်းနှင့်ပြောင်းဖူးကိုရောကာ ပါးပါးလှီးထားသောကြက်သွန်နီ၊ခရမ်းချဉ်သီး၊နံနံပင်၊ ငရုပ်သီးစိမ်း နှင့်ဆား၊ အရသာမှုန်.၊ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ ပုဇွန်ခြောက်ထ

ဂေါ်ဖီကြော်

Image
ဂေါ်ဖီထုပ်ကိုပါးပါးလှီးပါတယ်...  အကြော်မှုန့်နဲ့ ပဲမှုန့် အစိမ်းကို အနည်းငယ်စီရောပြီး ရေနဲ့ ခပ်ပြြစ်ပစ်ဖျော်ပါတယ်... ဖျော်ထားတဲ့ မှုန့်နှစ်ထဲကို လှီးထားတဲ့ဂေါ်ဖီနဲ့ ဆားသင့်ယုံနဲ့ မဆလာထည့် နယ်ပါတယ်..နယ်ထားတဲ့ ဂေါ်ဖီတွေကို ဇွန်းနဲ့ တဇွန်းစီခပ်ပြီးဆီပူပူမှာကြော်ထားတာပါ.. ပဲသီးကြော် ပဲတောင့်ရှည်သီးတွေကို ပါးပါးလှီးပါတယ်... အကြော်မှုန့်နဲ့ ပဲမှုန့် အစိမ်းကို အနည်းငယ်စီရောပြီး ရေနဲ့ ခပ်ပြြစ်ပစ်ဖျော်ပါတယ်... ဖျော်ထားတဲ့ မှုန့်နှစ်ထဲကို လှီးထားတဲ့ပဲသီးတွေနဲ့ ဆား၊ဂျင်း၊ကြက်သွန်ဖြူသင့်ယုံထာင်းထားတာ ထည့် နယ်ပါတယ်.. နယ်ထားတဲ့ပဲသီးတွေကို ဇွန်းနဲ့ တဇွန်းစီခပ်ပြီးဆီပူပူမှာကြော်ထားတာပါ.. ဇွန်းနဲ့ခပ်ကြော်တော့ လက်ပေသက်သာပါတယ်... :) ပူနေတုန်းလေးသုံးဆောင်ကြပါနော်....

စွန်တန်ပာင်းရည်

Image
ပာင်းရည်မပါရင် ထမင်းမစားတတ်သူ အတွက် လွယ်ကူလျင်မြန်ပြီး ချဉ်စပ် အရသာရှိတဲ. စွန်တန်ပာင်းရည်ပါ…ကြိုက်တဲ.သူအတွက်ပေါ.နော်.. အချို.က အာလူး၊ ဝက်ရိုးတို.နှင့် ပာင်းရည်ချက်စားကြပါတယ် စွန်တန်ပာင်းရည် အတွက် စွန်တံခြောက် - 2 ခု ကြာညို. (သို.) ပဲငံပြာရည်အနောက်- ထမင်းစားဇွန်း- 1 ဇွန်း ဆား ၊ အရသာမှုန်. - အနဲငယ်စီ ဂျင်း - 2” ကို အခွံခွာရေဆေးပြီး မညှက်တညှက်ထောင်းထားပါ။ ကြက်သွန်ဖြူ - 3 မွာကိုလဲ အခွံခွာရေဆေးပြီး ဓါးပြားရိုက်ထားပါ။ ငရုပ်သီးစိမ်း- 5 တောင့် ကိုလဲဓါးပြားရိုက်ထားပါ။ ကြက်သွန်ပင် - 2 ပင် ကို ရေဆေးပြီး နုတ်နုတ်လှီးထားပါ နံနံပင် - 1 ပင် ကိုလဲ ရေဆေးပြီး နုတ်နုတ်လှီးထားပါ။ ပြုလုပ်နည်း စွန်တံခြောက်ကို ရေဆေးကာ ပာင်းရေသောက်ပုဂံကြီးထဲသို. ထည်.ပြီး ကြာညို.၊ ဆား၊ အရသာမှုန်.၊ မညှက်တညှက်ထောင်းထားသောဂျင်း၊ ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူနှင့် ငရုပ်သီးစိမ်း၊ ပါးပါးလှီးထားသော ကြက်သွန်ပင်နှင့်နံနံပင်တို.ကိုထည်.ကာ ရေနွေးကိုစွန်တံမြုတ်ရုံထည်.ထားပါ။ စွန်တံ အချဉ်ဓါတ်နှင့် အရသာများအာလုံးရေနွေးတွင်ပျော်ဝင်စေရန်အ တွက်ပါ။ထမင်း စား ခါ နီးမှ ရေနွေး ကို ပာင်းရည်ပုဂံ အပြည်.(200 ml) ထည်.ကာအပေါ.အငံမြည်းပြီး သုံးဆောင်နိုင်

ပင်စိမ်းသီးထောင်း

Image
ပင်စိမ်းသီးသည်ချဉ်ဖန်ဖန် အရသာရှိပြီး ရှမ်းပြည်တောင်ပိုင်းတွင် ပင်စိမ်းသီးခေါ်ကာ မြောက်ပိုင်းတွင် မက်ခေါက်သီးပာုခေါ်ကြသည်။ ပင်စိမ်းသီးကို အဖန်ဓါတ်လျော.စေရန် ဆားရည်စိမ် ( သို.) ပြုတ်ပြီး အလုံးလိုက်ထုပြီးသော်လည်းကောင်း၊ အစိပ်လေးတွေစိပ်ကာလည်းကောင်း ဂျင်း၊ငရုပ်သီးအကြမ်းမှုန်.။ဆား၊ မြေပဲအလှော်မှုန်.၊ပဲပုတ်မှုန်တို.နှင့် ရောကာနယ်ပြီးသရေစာ အဖြစ်လဲစားသုံးကြသည်။ပင်စိမ်းသီးယိုအဖြစ်လဲထိုးစားကြ သည်။အချို.ကအစိမ်းထောင်းစားကြသည်။ ပင်စိမ်းသီးထောင်းစားချင်တာနဲ. ကလောပြန်တုန်းကပါလာတဲ. ပင်စိမ်းသီးစိပ်လေးတွေနဲ. ရောထောင်းစားဖို. ပိန်းရိုး( သို.) ကမ္မဌာန်းရိုး(နာမည်မေ.နေလို. Kalaw Family  မှာသွားမေးရ သေးတယ်)..ဒီမှာဝယ်လို. ရမလားလိုက် ရှာကြည်.တော. ထိုင်းဈေးမှာတွေ.တဲ.ပိန်းရိုးက ပာင်းခါးချက်တဲ.ပိန်းရိုးဖြစ်နေ တော.အစိမ်းထည်.ရင် ပါးစပ်ထဲယားနေမှာစိုးတာနဲ. မုန်ညှင်းဖြူ ထုပ်က အရိုးဖြူဖြူတွေထည်.ထောင်းလိုက်ပါတယ်… ပင်စိမ်းသီးထောင်းအတွက် ပင်စိမ်းသီး (၅လုံး) - ဆားရည်စိမ် (သို.) ပြုတ်ပြီးသား မြေပဲလှော် (၅၀) g ပဲပုတ်မီးကင် ( ၂ ) ချပ် ငရုပ်သီးစိမ်းလှော် ( ၁၀)တောင့် ကြက်သွန်ဖြူ (၃) မွာ ပိန်းရိုး (သို.) ကမ္မဌာန်းရိုး (လ

ဂျူးမြစ်ထောင်းချဉ်ချဉ်စပ်စပ်လေး

Image
ဂျူးမြစ် 100g ငရုပ်သီးစိမ်း(အပ်သီး သို.မိုးမျှော်သီး) – 25 တောင့် ဆား အနဲငယ် သံပုရာသီးတခြမ်း ဂျူးမြစ်ကိုရေစင်စင်ဆေးပြီး လက်မဝက်ခန်.ဖြတ်ပြီးစစ်ထားပါ-(ဂျူးမြစ်ခေါင်းနှင့်  အဖြားပိုင်းကိုမထည.်ပါ နှင်.)  ငရုပ်သီးစိမ်းနှင့်ဆားကို အရင်ထောင်းပြီး ညှက်ပြီဆိုမှ ဖြတ်ထားတဲ.ဂျူးမြစ်ကိုထည်.ကာထောင်းပါ… ဂျူးမြစ်အရမ်းညှက်ရန်မလိုပဲ ပုံပါအတိုင်းအနေတော်လေးမှာ သံပရာသီးညှစ်ကာ  သုံးဆောင် လို.ရပါပြီရှင် အချို.က မြေပဲလှော် သို.မပာုတ် ပဲပုတ်မီးကင်ပါ ထည်.ထောင်းလို.စားကြပါတယ်ရှင်. Myanmar Food & Other

ပဲပျင်းစေ.(သို.) ပဲထောပတ်နှင့်သခွားသီးပာင်းချို

Image
ဒါလဲရှမ်းပြည်ကပာင်းတခွက်ပါပဲ…. ဒီမှာတော. ပဲပျင်းစေ.ဝယ်မရလို.  ပဲထောပတ်နဲ.ပဲချက်ထား ပါတယ်ရှင် ပဲပျင်းစေ.(သို.) ပဲထောပတ် - 200g သခွားသီးမှည်. - တစ်လုံး - 400g ဆား၊ နနွင်း၊ အရသာမုန်. အနဲငယ်စီ ကြက်သွန်ဖြု နှင့်ဂျင်း အနဲငယ် ကိုအခွံခွာကာ ဒါးပြားနှင့်ရိုက်ထားပါ.. ပဲပြင်းစေ.ကိုရေဆေးပြီး အိုးထဲထည်.ကာနူးအောင်ပြုတ်ပါ… ပဲနူးပြီဆိုလျှင် ဆား၊ နနွင်း၊ အရသာမုန်.၊ ကြက်သွန်ဖြု နှင့်ဂျင်းထည်.ကာသမအောင်မွေပြီး ရေနွေး 1 liter ရော.ရော.လောက်ထည်.ကာ ပွတ်ပွတ်ဆူလျှင် အစေ.ထုတ် အခွံခွာကာရေဆေးပြီး တစ်လက်မပတ်လည်တုန်းထားသော သခွားသီးရင့်ရင့်မှည့်မှည့်ကိုထည်.ပြီး ရေအနဲငယ်ခန်းအောင် 15 မိနစ်ခန်.  မီးအနေတော်နှင့်ချက် ခါသုံးဆောင်လို.ရပါပြီရှင်.. ကျွန်မအဖိုးကတော. ချဉ်ပေါင်လက်ကြားကိုပါထည်.ချက်လေ.ရှိသည်..

မှိုဘာလချောင်ကြော်

Image
မှိုဘာလချောင်ကြော်စားချင်နေလို. ခုလိုမှိုလှိုင်လှိုင်ပေါ်တဲ.ရာသီမှာ ကြော်ထားပေးဖို. မေမေကိုလှမ်းဖုန်းဆက်မယ်လုပ်တုန်းPeninsular မှာမြန်မာပြည်ကရောက်လာတဲ.ရှည်တံရှည်မှို တွေ.တာနဲ. ဝယ်ပြီးကြော်လိုက်တယ်.. မှိုဘာလချောင်ကြော်က စိုက်မှိုတွေနဲ.ကြော်ရင်မကြိုက်တာ ကြောင့်ပါ.... မှိုဘာလချောင်ကြော်အတွက် မှို - (၃၀၀) g - တောင်ပို.မှို (သို.) ငှက်စွပ်မှို ကြက်သွန်နီ - (၂) လုံး အခွံခွာရေဆေးပါးပါးလှီးထားပါ.. ကြက်သွန်ဖြူ - ကြီး- ၁လုံး အခွံခွာရေဆေးပါးပါးလှီးထားပါ.. ဂျင်းကြီး -၂ လက်မခန်. အခွံခွာရေဆေးပါးပါးနှင့် အချောင်းလေးတွေလှီးထားပါ.. ဆား၊ အရသာမှုန်.- အနဲငယ်စီ၊ ငရုပ်သီးအကြမ်းမှုန်. - ထမင်းစာဇွန်း ၂ ဇွန်း၊ *မှိုကိုရေစင်စင်ဆေးပြီး အရိုးကို အရှည်လိုက် အလယ်မှခွဲပြီး တလက်မစီဖြတ်ကာ မှိုပွင့်ကိုတော. သိပ်မကြီးမသေး  အမျှင်လေးတွေရအောင် လက်နှင့်နွင်ပြီးရေစစ်ထားပါ.. ဒယ်အိုးထဲသို. ဆီများများထည်.ကာ ဆီကျက်လျှင် ရေစစ်ထားသောမှိုကို ထည်.ကာ မီးပြင်းပြင်းနှင့် ကြွတ်အောင်ကြော်ပြီးဆီစစ်ထားပါ… လှီးထားသောကြက်သွန်ဖြူ နှင့် ဂျင်းကိုလဲ ကြွတ်အောင်ကြော်ပြီး ဆီစစ်ထားပါ… ပါးပါးလှီးထားသော ကြက်သွန်နီကိုလဲ ကြွတ်အောင်ကြော်ပြီး ဆီအနဲငယ်

အာလူးဆီပြန်ဟင်း

Image
ကျမက ရုံးမသွားခင်ချက်ပြုတ်ပေးခဲ့တာဆိုတော့ အချိန်ကုန်သက်သာအောင် အာလူးတွေကို ညထဲက မကျက်တကျက်ပြုတ်ထားပါတယ်. ရေဆူလာတာနဲ့ အိုးအဖုံးကိုဖွင့်ထားပါမယ်... အာလူးထဲက အဆိပ်အထောက်ဓါတ်တွေထွက်သွားအောင်ပါ... နောက်နေ့မနက်မှာအာလူးတွေကိုအခွံနွှာ ၂ခြမ်းခြမ်းပြီး... ဆားအနည်းငယ်နဲ့ လူးထားပါတယ် ကြိတ်ထားတဲ့ ငရုတ်ပွ.ကြက်သွန်နီ/ဖြူ/ဂျင်းတို့ကို ဆီသပ်ပါတယ်. ထောပတ်ဆီကို ဆီအစားသုံးပါတယ်.. သကြားအနည်းငယ်နဲ့ ရှာလကာရည်လဲထည့်ပါတယ်.. နောက် အာလူးခြမ်းတွေထည့်ပါတယ်... ရေအနည်းငယ် အာလူးနူးရုံထည့်ပါတယ်... အဖုံးအုပ်ထားပါတယ်.. ရေခမ်းစပြုတဲ့အခါ မီးပိတ်ပြီး သူ့ အပူရှိန်နဲ့သူနှပ်ထားရင် ဟင်းအရသာ ချိုချိုချဉ်ချဉ်နဲ့ထောပတ်နံ့ သင်းတဲ့ အာလူးဆီပြန်သက်သတ်လွတ်ဟင်းတခွက်ရပါပြီ... အလှဆင်တဲ့ အနေနဲ့ ပင်စိမ်းရွက်လေးတွေတင်ပေးလိုက်ပါတယ်....

သက်သတ်လွတ်ပဲဟင်း

Image
ပဲတွေကို....ညထဲက Pressure cooker နဲ့ ပြုတ်ထားလိုက်တာပါ.. ပဲပြုတ်ဖို့ လက်ကျန်ပဲကို ကြည့်လိုက်တော့.. ကုလားပဲက နို့ဆီဘူးဝက်စာ... ပဲနီလေးလဲ ဘူးဝက်စာဘဲမို့ ၂မျိုးပေါင်းပြီး ရေသေချာဆေး..ဆနွင်းနဲ့ ဆားအနည်းငယ်ထည့်ပြုတ်လိုက်ပါတယ်... နောက်နေ့မနက်မှာ ကြိတ်ထားပြီးသား ငရုတ်ပွ၊ ကြက်သွန်နီ/ဖြူ၊ ဂျင်းတို့ထဲကို ကြက်သွန်ဖြူထပ်ထည့်ပြီး ဆီသပ်ပါတယ်... ဆီသပ်တဲ့ အထဲမှာ..မူန်ညှင်းစေ့လေးတွေနဲ့ ပျဉ်းတော်သိမ်ရွက် ချွေထားပြီးသား၅ရွက်လောက်ထည့်ပါတယ် ဆားအနေတော်လောက်ထပ်ထည့်ပါတယ်... အချဉ် မထည့်တော့ဘဲ.. အဆိမ့်ဘဲချက်လိုက်ပါတယ်... ကျမအမေက မဆလာသိပ်မကြိုက်တော့ မဆလာ မထည့်တော့ပါဘူး.. မုန်ညှင်းစေ့နဲ့ ပျဉ်တော်သိမ်ကမွှေးနေပါပြီ... ဟင်းရည်အပြစ်အကြဲစိတ်တိုင်းကျရင်တော့ မီးပိတ်လိုက်ရုံပါဘဲ.. ကျမကတော့ ခပ်ပျစ်ပျစ်လေးချက်ထားပါတယ်

သက်သတ်လွတ်ဘဲဥကြော်

Image
ကုလားပဲမှုန့်ကို ရေနဲ့ မပျစ်မကြဲလေးဖျော်၊ ဆားလေးနည်းနည်းထည့်၊ ကြက်သွန်မြိတ်လေးတွေ ညှပ်ထည့်၊ ဆီများများလေးနဲ့ ကြော်လိုက်ရင် ရပါပြီရှင်... ပဲမှုန့်ကြောင့် စားလိုက်ရင် အရသာက ဆိမ့်ဆိမ့်လေးနဲ့ စားကောင်းပါတယ်.... မဆလာကြိုက်ရင် မဆလာမှုန့်လေးအနည်းငယ်ထည့်ကြော်လို့ရပါတယ်...

တောင်ရိုးမျှစ်ကြော်.

Image
ကိုယ်တို့ အညာမှာ ဖိုးဝန်းတောင်မျှစ်.....တောင်ရိုးမျှစ်တို့ရှိပါတယ်..သူတို့က ဆေးမကူရဘဲသူတို့ရဲ့ သဘာ၀ အရောင်လေးကိုက နီရောင်လေးပါ။ သူတို့အရသာကမချဉ်ဘူး...မွှေးပြီး..ဆိမ့်တဲ့အရသာရှိပါတယ်....အိမ်မှာတော့ ဒီမျှစ်တွေရဲ့ ပင်ကိုယ်အ၇သာလေးအတိုင်းစားချင်လို့ ဘာနဲ့မှ မရောဘဲ ကြော်လေ့ရှိပါတယ်။ ကြက်သွန်နီလေးကို တော့မွှေးအောင်ဆီသတ်ပါတယ်။ ကြက်သွန်လေးဝါရောင် သန်းလာရင် ပြုတ်ပြီး စိတ်ထားတဲ့ မျှစ်လေးတွေကို ထဲ့ကြော်ပါတယ်...ဆားနဲ့ အချိုမှုန့်နဲနဲ ထည့်ပါတယ်။ မျှစ်လေးမချောက်တချောက် မှာချပါတယ်...နယ်စားလို့ရအောင်လို့ပါ....

မုန်ညှင်းကွ (မုန်ညင်းပု) ကြော်.

Image
မုန်ညှင်းကွ တွေကို ရေသေချာသန့်စင်ထားပါတယ်...ဆီပူထဲကို .ကြက်သွန်ဖြူကို ပါးပါးလှီးကြော်ပြီး ကျန်တဲ့ ကြက်သွန်ကြော်လေးထဲကို ပဲငံပြာရည်နဲ့ ဆီသတ်ပါတယ်....ဆေးထား တဲ့မုန်ညှင်းကွတွေ ထဲ့ကြော် ပါတယ်...အချိုမှုန့် ..ဆား ထဲ့ပါတယ်။ နပ်အောင်ခဏ အဖုံးဖုံးထားပါ တယ်....စိမ်းစိမ်းလေးမှာ ချပါမယ်...ပုံဂံထဲ ခပ်ပြီးတော့ ဖယ်ထားတဲ့ ကြက်သွန်ကြော် လေး ဖြူးလိုက်ပါတယ်....ချခါနီး မှာနှမ်းဆီမွှေးလေး နှစ်စက် သုံးစက်ထဲ့လိုက်ပါတယ်။နှမ်းဆီနံ့ သင်းနေတဲ့ မုန်ညှင်းစိမ်းပူပူလေးစား လို့ရပါပြီ

ခရမ်းသီး မီးဖုတ်ကြော်

Image
  ခရမ်းသီးအလုံကြီးကို မီးဖုတ်ပါတယ်....အညှာပါအိပြီဆိုရင်...အအေးခံပြီး အခွံနွှာပါတယ်။ ကြက်သွန် နီလေး ကို ဆနွင်းလေး နဲနဲနဲ့ ဆီသပ်ပါတယ်...မွှေးလာပြီဆိုရင် ဖုတ်ထားတဲ့ ခရမ်းသီး တွေထဲ့ပါ တယ်....ဆားနဲနဲထဲ့ပါတယ်.....ခရမ်းသီးကချိုပြီးသားမို့ အချိုမှုန့် မထဲ့လဲရပါတယ်....ခရမ်းသီးကို ဆီပြန် အောင် ကြော်ပါတယ်.....ချခါနီးမှာ နံနံပင်လေး အုပ်ပါတယ်..

ကော်ပြန့်ကြော်.......

Image
ready made ကော်ပြန့်ရွက် အကြီး....အသေးကို သုံးထားပါတယ်။ ကော်မှုန့်လေးနည်းနည်းကို ရေလေးနဲ့ အနည်းငယ်ဖျော်ထားပါ.... ကော်ပြန့်ကြော်တဲ့ အခါမှာတော့ ဆလပ်ရွက် မခင်းတော့ပါဘူး.....ကြော်တဲ့နေရာမှာ မညီတာရယ်..အရောင်မလှတာရယ်ကြောင့်ပါ။ ကော်ပြန့် ရွက်ထဲကို အဆင်သင့်လှီးပြီးရေစစ်ထားတဲ့ ဥနီ နဲ့ ဂေါ်ဖီရွက်တို့ထဲ  အချိုမှုန့်.... ဆားထဲ့နယ်ပြီးလိပ်ပါ့မယ်........အခုန ဖျော်ထားတဲ့ ကော်ရည်လေးနဲ့တို့ပြီး လိပ်တဲ့ အနားအဆုံး မှာပိတ်ပါတယ်။ကြော်တဲ့ အခါ မှာမပိတ်ထားရင် အဆာတွေ ပေါက်ထွက်တတ်လို့ပါ.... ကြော်တဲ့ အခါ ဆီထဲကို မီးအေားအေးနဲ့ ကြော်ရပါမယ်...မီးအေးအေးနဲ့ ကြော်မှ အထဲက အဆာတွေက  ကျက်ပြီး... အပြင်ကအရွက်လေးကလဲလှပါတယ်.....မီးနဲနဲပြင်းလိုက်တာနဲ့ ပထမပုံအတိုင်းတွေ့ရပါတယ်..... မီးအေးအေးနဲ့ကြော်တော့ ဒုတိယပုံလို အရောင်လှလှလေးဖြစ်ပါတယ်.......sauce လေးနဲ့စားဖို့အဆင် သင့်ပါ....အလိပ်ကြီးတွေအတွက် ကော်ပြန့်အရွက်ကြီးကို သုံးပါတယ်......အလိပ်သေးတွေအတွက် အရွက်သေးကို သုံးပါတယ်...

မျှစ်နှင့် ပဲပြုတ်ကြော်

Image
-အရမ်းလွယ် လွယ်ကူပြီး စားလို.ကောင်းတဲ. အရံပာင်းလေးပါ။ မျှစ်နှင့်ပဲပြုတ်ကြော်အတွက် - မျှစ် - ( 10 ကျပ်သား )နုတ်နုတ်လှီးထားသောမျှစ်ဝါ ကို 15 မိနစ်ခန်.ပြုတ်ပြီး ရေအေးစိမ်၊ အေးလျှင်ရေစစ်ကာရေညှစ်ထားပါ၊ -စားတော်ပဲပြုတ်အိအိ ( 5 ကျပ်သား) - .. -ကြက်သွန်ဖြူ - 3 မွာ ကို အခွံခွာရေဆေး ပြီး မညှက် တညှက်ထောင်းထားပါ။ -ဆီ- ထမင်းစားဇွန်း - 2 ဇွန်း - ဆား၊ နနွင်း၊ အရသာမုန်. အနဲငယ်စီ -ကြော်မည်.အိုးထဲသို. ဆီထည်.ကာ ဆီကျက်လျှင် ကြက်သွန်ဖြူ နှင့် နနွင်းအနဲငယ်ကို ထည်. ကာ နီညိုရောင်သန်းအောင် ဆီသတ်ပြီး မျှစ်နှင့် ဆား၊အရသာမှုန်.တို.ကိုထည်.ကာ 10 မိနစ် ခန်.သမအောင်မွေပြီးကြော်ပါ။ ထိုနောက် စားတော်ပဲပြုတ်ကိုထည်.ကာ ပဲမကျေသွားအောင် 5မိနစ်ခန်. ဖြည်းဖြည်း  ဆက်တိုက်မွေကြော်ပြီး အရသာရှိတဲ. အရံပာင်း တစ်ခွက်ကို သုံးဆောင်နိုင် ပါပြီရှင်…

အာလူး ဆင်ခေါင်းပဲ မာဆာလာချက်

Image
(အာလူး အလုံးသေးတာကိုရွေးပြုက် ပြီး အခွံခွါ လှီထား ဆင်ပဲသီးကို ရေတညစိမ်ပြီး ဆားထဲ့ပြုပ် ရေစစ်ထား ပြီးရင် မာဆာလာကို ဆီနွေး၂ထဲ ခဏသာ ဆီသတ်ပြီး အာလူးနဲ့ ပဲတွေကို ထဲ့ ဆား ဟင်းခတ်မုံ့ အနေတော်ထဲ့ပြီး အိုးဖုံးပြီး ၁၀မိနစ်လောက် သည်ပြီး အိုးချနိုင်ပါပြီ  စားချိန်မှာ ကြက်သွန်နီ စိမ်း နှစ်သက်သလိုဠှီး မန်ကျီးမြှည့်ရည် ငရုတ်သီးခြောက်လှော်မုံ့/ငရုတ်သီးခြောက်ကြော်/ငရုတ်သီးစိမ်းတောင့် နဲ့ ပူစီနံရွက် မွှေးမွှေးလေးနဲ့ ထဲ့ကာ နယ်စားရုံပါ) လွယ်ကူပြီး အချိန်မကုန် မြန်ဆန်စွာ လုပ်စားလို့ရတဲ့ ဟင်းလေး အားပေးကြပါအုံး

မုန်လာချဉ်ကြော်

Image
ဒီတခါစုစုလွင် ရဲ့နည်းလေးနဲ့ အချဉ်ထည်လိုက်ပါတယ်။ အခါတိုင်း ကိုယ်က ဆံမှုန့်ကို မကျိုဘဲ အအေးခံထားတဲ့ ရေကျက်အေးနဲ့ ဖျော်ပြီးသိပ်ပါတယ်။ ဒီတခါ ဆန်မှုန့်ကို စုစုကကြိုထဲ့တော့ ကြိုလိုက်တော့ ထမင်းရည်လေးနဲ့ထူသွားပြီး အမြန်ချဉ်လွယ်ပါတယ်။ နေပူထဲလဲထားစရာမလိုပါဘူး။.......သိပ်ထားတဲ့ မုန်လာဥဖြူ...နီ...ဂေါ်ဖီပွင့်တို့ကို  ရေနဲနဲပြန်ဆေးပြီး....ခရမ်းချဉ်သီး နှင့် ကြက်သွန်နီဆီသတ်ထားတဲ့ ထဲကို ထည့်ကြော်ပါတယ်။ အချိုမှုန့်....အရောင်တင်ထဲ့ပါတယ်။ ဆီပြန်အောင်ကြော်ပြီး ချခါနီးမှာ ငြုပ်သီးစိမ်းထဲ့ပါတယ်။နောက်မွှေးအောင် နံနံပင်လေး အုပ် လိုက်ပါတယ်...ကျွတ်ကျွတ်လေး စားကောင်းပါတယ်..အရမ်းကြိုက်ပါတယ်။

ထမနဲ (သို.) နှမ်းမနဲ

Image
-မနက်ဖြန် တစ်ပို.တွဲလပြည်.နေ. အမှီ ထမနဲထိုးနည်းလေးတင်ပေးလိုက်ပါတယ်..-မြန်မာပြည်မှာတော. စုပေါင်းပြီးထမနဲထိုးပြီး လှူကြ၊ အဖွဲ.လိုက် ထမနဲထိုးပြိုင်ပွဲတွေလုပ်ကြနဲ.ပျော်စရာ ကောင်းပါတယ်.. ကျွန်မကတော. စီးပွားရေးတက္ကသိုလ် ဒုတိယနှစ်က မဉ္ဇူ ူနဲ. ခပေါင်း မောင်နှမဆောင်နှစ်ပေါင်းပြီး မဉ္ဇူဆောင်မှာထမနဲထိုးကြတာကတော. ကျောင်းသားဘဝမှာအမှတ်ရ စရာလေး တစ်ခုပါပဲ… ထမနဲအတွက် -ကောက်ညှင်းဆန်- ဆန်ချိန်ခွက် ၃ ခွက် ကိုရေဆေးကာ အနဲဆုံးတစ်နာရီ ခန်.ရေစိမ်ကာရေစစ်ထားပါ။ -ဂျင်း - လက်နစ်သစ်ခွဲခန်.ကို အခွံခွာရေဆေးပြီး  ပါးပါးရှည်ရှည်လေးလှီးထားပါ။  ကြက်သွန်ဖြူ - ၃ မွာကိုလဲ အခွာရေဆေးပြီး ပါးပါးရှည်ရှည်လေးလှီး ထားပါ။ -အုန်းသီးစိတ်- 2 စိတ်ကို ပါးပါးလှီးထားကာ ကျွတ်အောင်ကြော်ကာ ဆီစစ်ထားပါ။ -မြေပဲလှော် - ဆန်ချိန်ခွက် တစ်ဝက်ကို အခွံချွတ်သန်.စင်ပြီး ဆီနှင့်ပြန်ကြော်ထားပါ။ -နှမ်းလှော် ဖြူ (သို.) အနက် - ထမင်းစားဇွန်း 4 ဇွန်း  -ဆီ- 200 ML ခန်. -ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် -သကြား- လက်ဖက်ရည်ဇွန်း တစ်ဇွန်း -ရေနွေး - 1 liter ခန်.ကျိုထားပါ။ - ထမနဲထိုးမည်. ဒယ်အိုးထဲသို.ဆီထည်.ပြီး ဆီကျက်လျှင် ပါးပါးလှီးထားတဲ.ဂျင်းနှင့် ကြက်သွန်ဖြူကိုထည်.

ဘူးညွှန်.ကြော်ချက်

Image
ရန်ကုန်က သယ်ခဲ.တဲ.ဘူးညွန်.နုနုလေးတွေကို လတ်ဆပ်နေတုန်းကြော်ချက်လေး ကြော်စားပါတယ်.. ဘူးညွန်.ကြော်ချက်အတွက် - ဘူးညွန်.နုနု - 15 ညွန်.ကို အရွက် အညွန်.သင်ပြီး ရေစင်အောင်ဆေးထားပါ။ - ကြက်သွန်ဖြူ - 5 မွာကို အခွံခွာရေဆေးပြီးထောင်းထားပါ။ - ဆီ - လက်ဖက်ရည်ဇွန်းတစ်ဝက် -ဆား၊ အရသာမှုန်. အနဲငယ်စီ - ဘူးညွန်.ကြော်ချက်မည်.ဒယ်အိုးထဲသို. ရေ ထမင်းစားဇွန်း (3)ဇွန်းခန်. ထည်.ကာ ရေဆူ လျင် ဆီနှင့် ကြက်သွန်ဖြူ၊ တို.ကိုထည်.ပါ. 2 မိနစ်ခန်.ကြာလျှင် ဘူးညွန်.။ဆား၊ အရသာမှုန်. တို.ကို ထည်.ကာ 10 မိနစ်လောက် သမအောင်မွေပြီး မိမိကြိုက်သသည် အနေ အထားတွင်ချကာ အပေါ. အငံမြည်းပြီး အရံပာင်း ဘူးညွန်.ကြော်ချက်ကို ခရမ်းချဉ်သီး ပဲပုတ်ထောင်း (သို.)  ငပိထောင်းနှင့်တွဲကာသုံး ဆောင် နိုင် ပါပြီရှင်.. ဒါမှမပာုတ် ကြက်သွန်ဖြူကို ဆီအရင်သတ်ပြီး မှ ဘူးညွန်.ကို ထည်.ကာကြော်လို.လဲရပါတယ်ရှင်.. Credit; Myanmar Food & Other

မရမ်းသီးသုပ်

Image
မရမ်းသီးလေးတွေကို ထက်ချမ်းခွဲ အစေ့လေးတွေကော်ထုပ်ပြီး ပါးပါးလေးတွေလှီးပြီး ရေဆေး ပြီး စစ်ထားပါ။ ကြက်သွန်နီကိုလဲ ပါးပါးလှီး ရေဆေးပြီးစစ်ထားပါ.. ကြက်သွန်နီကို ပါးပါးလှီးပြီး ဆီချက် လုပ်ရန်ဆနွင်းမှုံ့လေး နဲနဲထည့်ပြီးကြော်ထားပါတယ်။ငါးပိ...ပုဇွန်ချောက်မပါတော့ဘဲ သတ်သတ်လွတ် သုပ်ပါ မယ်.. မရမ်းသီး ကြက်သွန်နီ..ပဲမှုံ့ကျက်...ဆား...အချိုမှုံ့...ကြက်သွန်နီဆီချက်....ငြုပ်သီးစိမ်း လေးပါထဲ့ နယ်သုပ်ပါတယ်။။ ပဲမှုံ့ နဲ့ ကြက်သွန်နီများများနဲ့ သုပ်ထားပါသဖြင့် အရမ်းမချဉ်ဘဲ စားလို့ကောင်းပါတယ်။။

ပဲညွှန့်ရွက်ကြော်...

Image
ဒီပဲရွက်ညွှန့်လေးတွေကို မလေးရောက်မှ စားဘူးတာပါ။အညွှန့်လေးတွေက စိမ်းပြီးလှနေတာနဲ့ ဝယ်ပြီးကြော်ချက်လေးစားကြည့်တာပါ။ကြာကြာကြော်ရင်ချွဲတယ်(ရုံးပတီသီးလိုဘဲ)။ ကြက်သွန်နီ ခရမ်းချဉ်သီးဆီသပ် သတ်သတ်လွပ်ဆိုတော့ ပုဇွန်ချောက်မထဲ့ဘဲဆား။ အချိုမှုန့်ထဲ့ပါ ဆီနဲနဲပြန်လာရင် ရေဆေးထားတဲ့ ပဲရွက်လေးတွေထဲ့ကြော်ရုံပါဘဲ။ခပ်စိုစိုလေးမှာချပါ့မယ်။ ထမင်းလေး နဲ့နယ်စားရအောင်လို့။ကိုယ်ကငြုပ်သီးကြိုက်တဲ့သူဆိုတော့ ငြုပ်သီးစိမ်းညှပ်ထဲ့လိုက်ပါတယ်။

ဆူးပုတ်လေး ဟင်းချို

Image
ဆူးပုတ်လေး ကို လူကြုံရှိတိုင်း မုံရွာက မဇွန်ယောင်းမက အမြဲပို့ပေးပါတယ် ကြာဖက်လေးထဲမှာ ရေမပါဘဲ ချောက်ချောက်လေးဆိုရင် ရေမနာဘဲ အထားခံပါတယ်။ ကြက်သွန်ဖြူလေး တပြားရိုက် ဆီနဲနဲသတ်ပြီးရင် ရေကိုအပွက်နာအောင်ထားပါတယ်။ ဆား နဲ့ အချိုမှုန့်ခတ်ပြီး စားတော့မယ်ဆိုရင် မီးပြင်းပြင်း မှာဆူးပုတ်လေး အရွက်တွေခတ်ပါတယ် ၊မီးပြင်းပြင်းမှာပွက်ပြီးပြီးဆိုရင် ဲငြုပ်သီးချောက်ကို ထက်ပိုင်းချိုးပြီးထည့်ပါတယ် ။ပဲဆီမွှေးလေး တဇွန်းလောက်ထဲ့လိုက်ပါ ။စိမ်းပြီးမွှေးနေတဲ့ ဆူးပုတ်ဟင်းချို ပူပူလေးသောက်လို့၇ပါပြီ။

ပဲပင်ပေါက်ချဉ်ဖတ်သုတ်

Image
ကျမမေမေက အသက် (၈၅)နှစ်ဆိုတော့ သွားတွေမကောင်းတော့ လူငယ်တွေလို မစားနိုင်ရှာပါဘူး ကျမတို့က ပဲပင်ပေါက်ချဉ်ဖတ်နဲ့ ငပိရည်နဲ့ စားကြမယ်ဆိုတော့ သူလဲ စားချင်ရှာပါတယ်မေမေစားလို့ရ အောင် ပဲပင်ပေါက်ချဉ်ဖတ်ကို ရေစင်စင်ဆေး.. အမဲလေးတွေဖယ်ပြီး သေးသေးလေးတွေဖြစ်အောင် လှီးပါတယ် ဆီချက် မြေပဲဆန်မှုန့် သကြားလေးပါတယ်ဆိုယုံနဲ့ နယ်ပြီး နှမ်းလှော်လေးဖြူ းလိုက်ပါတယ်... အချဉ်အငန် ထပ်မထည့်ပါဘူး...နူးနူးညံ့ညံ့နဲ့ အရသာ ချို ချဉ်ဆိမ့် သက်သတ်လွတ် အသုပ်လေး တခွက်ဖြစ်သွားပါတယ်...စမ်းကြည့်ပါနော်....

သက်သတ်လွတ် ပဲဟင်းနောက်တမျို း

Image
ပြုတ်ထားတဲ့ ကုလားပဲက တော်တော်များတော့ မကုန်ကုန်အောင် အကြံအဖန်လုပ်ချက်တာပါ... မုန်လာဥနီဥကြီး တလုံး အခွံခြစ်ပြီး မထူမပါးလှီးပါတယ်.. ကြက်သွန်ဖြူနီဂျင်း..ငရုတ်သီး ကြိတ်ထား တာတွေ ဆီသပ်ပါတယ်... မဆလာလဲ အနည်းငယ်ထဲ့ပါတယ်.. လှီးထားတဲ့ မုန်လာဥနီထည့်.ဆားအနည်းငယ်ထည့်.ရေထည့်အဖုံးလးဖုံးထား... မကျီးမှည့်လေးဖျော် ထား....မုန်လာဥနီနူးတော့ မကျီးရေထည့် ... နောက်စွေစွေလေးလှီးထားတဲ့ ရုံးပတီသီးလေးထည့်... ရေနွေးလေး နည်းနည်းထပ်ထည့်တယ်... ပဲပြုတ်ထားတာတွေထည့်...ပွက်လာရင်ရပါပြီ... ဆီသိပ်မ များဘဲ.. ဟင်းအနှစ်လေးနဲ့ နယ်စားလို့ကောင်းတဲ့ ချို ချဉ် ဆိမ့် သက်သတ်လွတ်ဟင်းတခွက်ပါ.... (တီညိုစတိုင်)

ပဲပြား(တို့ဖူးဖြူ)

Image
ပါဝင်ပစ္စည်းများ ၁။ ပဲပြား ၂တုံး ၂။ ကြက်သွန်ဖြူ ၃တက် ၃။ ကြက်သွန်နီ ၃ ဥ ၄။ ပဲငပိ (City mart များတွင် သီရိစံအမည်ဖြင့် ဝယ်ယူရရှိနိုင်) ၅။ ဆီအနည်းငယ် ၆။ ဆား၊ ဟင်းခတ်မှုန့်၊ ဆနွင်းမှုန့်၊ အရောင်တင်မှုန့် အနည်းငယ် ၇။ ငရုတ်သီးစိမ်း ၅ တောင့် ၈။ နံနံပင် အနည်းငယ် ၉။ ခရမ်းချဉ်သီး ၂လုံး ချက်ပြုတ်နည်း ၁။ ပဲပြားကို အဝတ်သန့်သန့်လေးနဲ့ထုပ်ပြီး အပေါ်ကနေ အလေးချိန်ရှိတဲ့ အရာလေးနဲ့ ရေစစ်သွားအောင် ၁၀ မိနစ်ခန့် ဖိထားပါ။ ပြီးရင် အနေတော် အတုံးလေးတွေတုံးပါ။ ၂။ ကြက်သွန်ဖြူ နဲ့ ကြက်သွန်နီ ကို ကြိတ်ထားပါ။ ၃။ ခရမ်းချဉ်သီးကိုလဲ ကြိတ်ထားပါ။ ၄။ ငရုတ်သီးစိမ်းကို အတောင့်လိုက်လေး ဓားရာထက်ခြမ်းပေးပါ ဆီပူလာပြီဆိုရင် ဆနွင်းကို ဆီသတ်ပါ။ ကြိတ်ထားတဲ့ ကြက်သွန်ဖြူနီကို ဆီသတ်ပါ။ အရောင်တင်မှုန့် သကြးဇွန်းလေးနဲ့ တစ်ဇွန်း ထည့်လိုက်ပါ။ အနံ့လေးမွှေးလာပြီဆိုရင် ပဲငပိ (ဟင်းချိုသောက်ဇွန်း တစ်ဇွန်းခန့်)ကိုရောပြီး ကြော်ပါ။ ၂ မိနစ်ခန့်ကြော်ပြီးတော့ ကြိတ်ထားတဲ့ ခရမ်းချဉ်သီးကို ထည့်ပြီးမွှေပါ။ ရေအနည်းငယ်ထည့်ပေးပါ။ ခရမ်းချဉ်သီး အနှစ်ကျက်သွားပြီဆိုရင် တုံးထားတဲ့ ပဲပြားလေးတွေထည့်ပြီး အသာအယာမွှေပေးပါ။ ၂ မိနစ်ခန့်ကြာရင် ငရုတ်သီးစိမ်းနဲ့ နံနံပင

အင်အု ချက်

Image
သတ်သတ်လွပ်... မုံရွာ မှာ အင်အုတွေပေါ်နေပါပြီ။ ပေါ်ဦးပေါ်ဖျားမှာ ဈေးကြီးပေမဲ့ နုနုလေးတွေဆိုတော့ စားလို့ အရမ်း ကောင်းပါသည်။။ ဆိမ့်နေပါသည်။အင်အု က အညာဒေသမှာပေါတော့ အညာသူ အညာသားတွေ အရမ်းကြိုက်ကြပါသည်။ကိုယ်တို့ တအိမ်သားလုံး အရမ်းကြိုက်ကြပါသည်.. အင်အု မတုံးမချင်း စားကြပါ သည်။ အင်အုကို မလှီးခင်မှာ ရေသေချာဆေးရပါတယ်၊။အင်ဖက်တွေထဲမှာ တွေ့ရတဲ့အတွက် မြေကြီးတွေပါ တတ်လို့ပါ၊ဆေးပြီးပါးပါးလှီးထားပါ၊ .......ခရမ်းချဉ်သီး ကြက်သွန်နီတို့ကို ဆီသတ်ပါတယ် အမှန်တော့ ငါးပိလေးနဲနဲထည့်ပြီးဆီသတ်ရင် ပိုမွှေးပြီးစားကောင်းပါတယ်၊သတ်သတ်လွတ်ဆိုတော့ငါးပိမထဲ့ပါ အ ရောင် တင်မှုုုန့်.အရသာမှုန့်တို့ထဲ့ အင်အုပါထည့်လုံးပြီးဆီသတ်ပါ၊နပ်အိနေသည်ထိ ရေနည်းနည်း ချင်းလိုက်သွားပါ။ နယ်စားဖို့အတွက် အရည်စပ်စပ်လေးချပါမယ်။။ အိမ်မှာတော့ အများအားဖြင့် ဝက်သားနဲ့ ချက်လေ့ရှိပါတယ် ပိုချိုတာပေါ့လေ။

ကြက်ဟင်းခါးသီးကြော်

Image
ကြက်ဟင်းခါးသီးကိုပါးပါးလှီး အထဲကအစေ့တွေ အဆံတွေပါရင်အကုန်ဖယ်ပစ်ပါတယ်။ဆားနယ် ရေဆေးပြီးစစ်ထားပါတယ်။ ကိုယ့်အိမ်ဦးနတ်ကတော့ အထဲကအစေ့တွေကိုကြိုက်ပါတယ်။ ဆိမ့်တယ် တဲ့။ကိုယ်ကတော့မကြိုက်လို့ နုနုလေးတွေဘဲရွေးဝယ်ပါတယ်။ကြက်သွန်ဖြူလေးဆီသပ်ပြီး အရသာ မှုန် နဲ့နယ်ထားတဲ့ ကြက်ဟင်းခါးသီး ကို ထည့်ကြော်ပါတယ် ရေလုံးဝမထဲ့ပါဘူး။ မီးအေးအေးလေး ချောက်သွားအောင် ဘဲ ကြော်ပါတယ်...

ကြောင်ရှာပွင့်သုပ်

Image
ကြောင်ရှာပွင့် အချောက်ကို ရေစိမ်ထားပြီး သဲတွေစင်သွားတဲ့ အခါ ရေနွေးနဲ့ပြုတ်ပါတယ် ။ရေစင်အောင်ညှစ်ပြီး..ကပ်ကြေးနဲ့စားလို့ကောင်းတဲ့ အနေတော်ညှပ်ပါတယ်။။. မြေပဲလှော်...နှမ်းလှောၤထောင်း။ပဲကျက်မှုံ့ ။ဆား။ အရသာမှုန့်။ကြက်သွန်ဖြူဆီချက်တို့ နှင့်သုပ်ပါ တယ်။ စားခါနီးမှာ ခရပ်း ချဉ်သီးလေးတွေကိုက်ထဲ့ရင်လဲကောင်းပါတယ်။ ခရမ်းချဉ်သီး မကြိုက်ရင် သ့ပုရာသီး လေးညှစ်ရင်လဲကောင်းပါတယ် ။။နောက်အုံးသီးဆံကြော် ကျွတ်ကျွတ်လေးတွေဖြူးစားရင်လဲ မွှေးမွှေးလေးနဲ့ကောင်းမှကောင်း........ သမီး ဇွန်ရှိတုံးကဆိုရင် အဖိတ်နေ့ သီလရှင်တွေ ဆွမ်းဆန်စိ မ်း ကြွလာရင် ဇလုံကြီးတွေနဲ့ အားရပါးရသုပ်ပြီး ကုသိုလ်လုပ်ပါတယ်။ သူ့ကြောင်ရှာပွင့်သုပ်ကတော့ ရွှေပုဇွန်ချောက်တွေ ထဲ့သုပ်ထားပါတယ်။ ဆရာလေးတွေ အရမ်းအားပေးကြပါတယ်။

မျှစ် အစပ်ကြော်

Image
မျှစ် အစပ်ကြော်ပါ။ ပူပူစပ်စပ်လေးစားကောင်းပါတယ်။ ငရုတ်သီး၊ကြက်သွန်ဖြူ ထောင်းပြီး ဆီသတ်ပါတယ်။ မျှစ်ကိုခဏပြုတ်ပြီး သေးသေးလေးဖြစ်အောင်ညှပ် လိုက်ပါတယ်။ ဆီသတ်ထားတဲ့ ထည့်ပြီးရောကြော်ပါမယ်။ အရသာထည့်ပြီးမခြောက်တခြောက်ကြော်ပါတယ်။

မှိုပြောင်းဖူးသေး ပန်းငြုပ်ပွ အချိုချက်

Image
Baby corn လေးတွေပါးပါးလှီး ပန်းငြုပ်ပွစိမ်း ကိုလဲမပါးတပါးလှီးထားပြီး မှိုလေးတွေကို သန့်စင်အောင်ဆေးစစ်ထားပါ။ ကြက်သွန်ဖြူပါးပါးလှီး ဆီသပ်ပါ...ပြောင်းဖူးသေးသေးလေးတွေ ထည့်ပါတယ်။မှိုထည့် ဆား ရသာမှုန့်ထည့်ပြီးလုံးပါတယ်။ အရည်ချိုချိုလေးနဲ့နယ်စားချင်လို့ ရေလေးစပ် စပ်ထည့်ပါတယ်။ဟင်းအိုးချခါနီးမှာတော့ အသင့်လှီး ထား တဲ့ ပန်းငြုပ်ပွ စိမ်းထည့်ပါတယ်။ လပ်ဆပ်မွှေးပြန့်ငြုပ်နံ့လေးသင်းတဲ့ မှိုပြောင်းဖူးချိုချိုလေး စားရန်အဆင်သင့်ပါဘဲ...

ပဲပုပ်ကင် ခရမ်းချဉ်သီးထောင်း

Image
 ရှမ်းပြည်ဘက်မှာ ထောင်းစားလေ.ရှိတဲ. ခရမ်းချဉ်သီးပဲပုပ်ထာင်းလေးပါ။ - ပဲပုပ် သုံးလက်မပတ်လည် အဝိုင်း ( ၂)ချပ်ကို မီးကင်ပြီး အအေးခံထားပါ။ -ရှမ်းကြက်သွန်ဖြူ - တစ်လုံးကို အခွံခွာထားပါ။ -ငရုပ်သီးစိမ်း (၁၅) တောင့် ကို မီးကင် (သို.) ပြုတ်ထားပါ။ -ခရမ်းချဉ်သီး မှည်.နှစ်လုံးကိုလဲ မီးဖုတ် (သို.) ပြု တ်ကာ အခွံခွာပြီး ကပ်ကြေးနှင့် နှုတ်သွားစေရန်ညှပ်ထားပါ။ - နံနံပင် - တစ်ပင်ကို ရေဆေးကာ ပါးပါးလှီးထားပါ။ -ငရုပ်သီးအလှော်မှုန်. ထမင်းစားဇွန်း- ၁ ဇွန်းယဆား အနဲငယ် -ငရုပ်ဆုံထဲသို. ငရုပ်သီးစိမ်း၊ ငရုပ်အလှော်မှုန်.၊ဆား။ ပဲပုပ်ကို လက်နှင့် ချေကာ ထောင်းပါ။ညှက်လုအနေအထားပါ ခ၇မ်းချဉ်သီးနှင့် နံနံပင်ထည်.ကာထောင်းပြီး ဇွန်းလေးသမ အောင်နယ်ပြီး ငရုပ်ကျ ဉ်ပွေ.နှင့် ဖွဖွထောင်းပြီး မိမိနှစ်သက်ရာ ဟင်းချိ ုနှင့်တွဲကာ သုံးဆောင် နိုင်ပါပြီရှင်.. Credit; Myanmar Food & Other

သတ်သတ်လွတ် သီးစုံဒန်ပေါက်

Image
နှစ်သက်ရာအသီး၊အနှံထည့်လို.ရပါတယ် ဒီမှာတော့အတုံးသေးသေးတုံးထားတဲ့ မုန်လာဥနီ၊ ဂေါ်ရခါးသီး၊အာလူး၊ဘိုစားပဲသီးတွေကို ဆား၊သကြား၊ဒိန်ချဉ်၊ကြက်သွန် ဖြူ+ချင်းရည်၊မဆလာ၊ ဆနွင်းနယ်ထား လိုက် တယ် Feeling ...delicious :P ဆီပူလာရင်ပါးပါးလှီးထား တဲ.ကြက်သွန်နီကြော် ပြီးဆယ် မဆလာနယ်ထားတယ် ကျန်ဆီနဲ.သစ်ကြပိုး၊က့ရ့ဝေး၊ဖာလာစေ့၊လေးညင်းပွင့်တွေကိုဆီသတ်ပြီး နယ်ထားတဲ့အသီးအနှံတွေကိုခနထည့်လှိမ့်ပေးတယ် ထမင်းထဲထည့်နှပ်ချင်လို. ကျက်အောင်မ့ကြော်ပါဘူးရှင် ညကတည်းက့ရေ့ဆေးပြီးစိမ်ထားတဲ့ ဆန်၊(က့ရ့ဝေးရွက်၊ဖာလာစေ့၊သစ်ကြပိုးခေါက်၊လေးညင်းပွင့်၊ဆား၊သကြား)အိုးကိုမီးဖိုပေါ်တင် ဆူပွက်ပြီးတစ်ဝက်ကျက်ရုံအ့နေ့မှာချ၊ဇကာနဲ.စစ်တယ် ချက်မယ့်အိုးအောက်ခြေမှာထောပတ်ဖြန်း တယ် ထမင်းတစ်ထပ်ခင်းတယ်  အ့ပေါ်ကကြက်သွန်နီကြော်၊အသီးအရွက်ကြော်၊ဒန်ပေါက်မဆလာ၊ ထောပတ်ဆီစမ်း၊ဆာဖရန်အနီရောင်ရည်ဖြန်း မ့ရှိရင့်အ့ရောင်ဆီဖြန်း ပဲသီးစိမ်း၊စပျစ်ခြောက်၊သီဟိုရ်စေ့ တွေကိုဖြန်.ထည့်တယ်  ဒီပုံစံအတိုင်းဘဲတစ်ထပ်စီခင်းပေးရုံပါ သုံးထပ်လောက်ခင်းပြီးရင်အိုးအဖုံးပိတ် မီးအေးအေးနဲ.ထမင်းပြန်နှပ်ပေးထားပါတယ် အ့ပေါ်မီး၊အောက်မီးထည့်ပေးနိုင်ရင် မွှေစရာလေးထဲထည့်ချက်ရင်အ့ရမ်းကောင်းပါတယ