Posts

Showing posts from December, 2019

ဘူးသီးကြော်သုပ်

Image
ပါဝင်သော ပစ္စည်းများ ဘူးသီးကြော် ၁၀ခု ဂေါ်ဖီထုပ် ၁ခြမ်း ကြက်သွန်နီ၅လုံး မန်ကျည်းသီး လက်တစ်ဆုပ် ငရုတ်သီးစိမ်း၁၀တောင့် ဆလတ်ရွက် အနည်းငယ် ပြင်ဆင်ပုံ ၁။ ဘူးသီးကြော်ကို ကတ်ကြေးဖြင့် အနေတော်ညှပ်ပါ။ ၂။ ဂေါ်ဖီထုပ်၊ ကြက်သွန်နီတို့ကို ပါးပါးလှီးပါ။ ၃။ မန်ကျည်းရည်ဖျော်ထားပါ။ ၄။ ငရုတ်သီးစိမ်းများကို ပါးပါးလှီးထားပါ။ ပြုလုပ်နည်းအဆင့်ဆင့် ညှပ်ထားသော ဘူးသီးကြော်ပန်းကန်ထဲသို့ ဂေါ်ဖီထုပ်၊ ကြက်သွန်နီထည့်ပါ။ မန်ကျည်းရည်၊ ငရုတ်သီးစိမ်း ပါးပါးလှီး ပြီးသားထည့်။ အားလုံးထည့်ပြီး သမအောင်မွှေနယ်ပြီး သုံး ဆောင်ပါ။

အညာ ငရုတ်သီးထောင်း

Image
ပါဝင်သော ပစ္စည်းများ ငရုတ်သီးစိမ်း ၅ ကျပ်သား ကြက်သွန်ဖြူဥတစ်လုံး ၆ လုံး နံနံပင် ၅ ပင် သကြား၊ ဆား သင့်ရုံ ပြင်ဆင်ပုံ ၁။ နံနံပင်ကို သန့်စင်ပြီး ရေဆေးစစ်ထားပါ။ ၂။ ငရုတ်သီးစိမ်းကို ရေဆေးပြီး သီတံဖြင့်ကင်ပါ။ ပြုလုပ်နည်းအဆင့်ဆင့် ကင်ထားသော ငရုတ်သီးစိမ်းကို ညက်အောင်ထောင်းပါ။ နံနံပင်ထည့်ထောင်း၊ ကြက်သွန်ဖြူထည့်ထောင်း။ ဆား၊အချိုမှုန့်ပါရောပြီးထောင်းပါ။ ထို့နောက် ဆီအနည်းငယ်ဆမ်းပါ။

ရှောက်သီးသုပ်

Image
ပါဝင်သော ပစ္စည်းများ ရှောက်သီး ဆီချက် ပဲမှုန့်အကျက် ကြက်သွန်နီ ငရုတ်သီးစိမ်း သကြား ပြင်ဆင်ပုံ ၁။ ရှောက်သီးကို အရေအိတ်လေးများမွှာပြီး ဆားရေစိမ်ထား။ ၂။ ကြက်သွန်နီ ပါးပါးလှီးပြီး ရေဆေး၊ ရေစစ်ထားပါ။ ၃။ ငရုတ်သီးစိမ်း ပါးပါးလှီးထား။ ပြုလုပ်နည်းအဆင့်ဆင့် ရှောက်သီးကို ရေထဲမှဆယ်ပြီး ရေနည်းနည်းညှစ်ထုတ်၊ ကြက်သွန်နီ၊ ပဲမှုန့်၊ သကြား၊ ဆီချက်ထည့်၊ ဆားထည့်ပြီး သမအောင်မွှေပါ။ ဖွဖွလေးနယ်ပါ။ လှီးပြီးထားသော ငရုတ်သီး စိမ်းထည့်ပါ။

ပဲပြားသုပ်

Image
ပါဝင်သော ပစ္စည်းများ ပဲပြား (တောင်ကွမ်း) ဆီ ကြက်သွန်ဖြူဥကြီး သခွားသီး ပဲငံပြာရည် သံပရာရည် ကြက်သွန်နီကြော် ငရုတ်သီးမှုန့် ပြင်ဆင်ပုံ ၁။ ပဲပြား (တောင်ကွမ်း)ကို လေးစိတ်စိတ်ပြီး ကြော်ပါ။ ၂။ ကြက်သွန်ဖြူ ပါးပါးလှီးပါ။ သခွားသီးကို သင့်လျော်စွာလှီးထားပါ။ ၃။ ကြက်နားရွက်၊ မှိုခြောက်တို့ကို ရေစိမ်ထားပါ။ ပြုလုပ်နည်းအဆင့်ဆင့် ပဲပြားကြော်၊ ကြက်သွန်ဖြူလှီးပြီးသား သခွားသီးတို့ထဲ သို့ ပဲငံပြာရည်၊ ဆီကျက်၊ ကြက်သွန်နီကြော်၊ သံပရာရည်၊ ငရုတ်သီးမှုန့်ထည့်ပြီးသုပ်ပါ။ ပြီးလျှင် ကြက်နားရွက်၊ မှိုခြောကံ တို့ထည့်သုပ်ပြီး သုံးဆောင်ပါ။

ဘူးသီးနှပ်

Image
ပါဝင်သော ပစ္စည်းများ ဘူးသီး ၁ စိတ် ကြက်သွန်နီ ၂ လုံး ကြက်သွန်ဖြူ ၁ ဥ ငရုတ်သီးအစိမ်းမှုန့် ၁ ဇွန်း နံနံပင် ၁ စည်း ဆီ ၅ ကျပ်သား ပြင်ဆင်ပုံ ၁။ ဘူးသီးအခွံခွာ၊ အနေတော်တုံးပြီး ရေစင်စင်ဆေးထားပါ။ ၂။ ငရုတ်သီးအစိမ်းမှုန့်၊ ကြက်သွန်နီ/ဖြူ တို့ထောင်းပါ။ ပြုလုပ်နည်းအဆင့်ဆင့် ဆီကျက်အိုးထဲသို့ ငရုတ်နှစ်များထည့်ဆီသတ်ပါ။ ပြီးလျှင် ဘူးသီးများထည့်မွှေပါ။ ဆား ဟင်းခတ်မှုန့်ထည့်ပါ။ ရေအနည်းငယ်ထည့်၍ အဖုံးအုပ်ထားပါ။ အပေါ့အငန်မြည်းပြီး သုံးဆောင်ပါ။

ဗယာကြော်သုပ်

Image
ပါဝင်သော ပစ္စည်းများ ဗယာကြော် ၁ဝ ခု ဂေါ်ဖီထုပ် ၁ ခြမ်း ကြက်သွန်နီ ၅လုံး မန်ကျည်းသီး အနည်းငယ် ငရုတ်သီးအစိမ်း (သို့) အကျက် အနည်းငယ် ဟင်းခတ်မှုန့်ထား အနည်းငယ် ပြင်ဆင်ပုံ ၁။ ဗယာကြော်ကို လက်ဖြင့်ချေပြီး ပန်းကန်ပြားထဲထည့်ပါ။ ၂။ ဂေါ်ဖီထုပ်နှင့် ကြက်သွန်နီတို့ကို ပါးပါးလှီး၍ရေဆေးပြီး စစ်ထားပါ။ ပြုလုပ်နည်းအဆင့်ဆင့် ဗယာကြော်ချေထားသော ပန်းကန်ထဲသို့ ပါးပါးလှီးထားသောဂေါ်ဖီထုပ်နှင့် ကြက်သွန်နီထည့်ပါ။ ထို့နောက် မန်ကျည်းသီးရည်၊ ငရုတ်သီးစိမ်း၊ ဆား၊ ဟင်းခတ်မှုန့်ထည့် ပြီး နှံ့အောင်နယ်ကာ သုံးဆောင်ပါ။ အနံ့မွှေးလိုလျှင် ပူစီနံ ခပ်ပါးပါး လှီးထည့်ပါ။

သခွားသီးကြော်ချက်

Image
ပါဝင်သော ပစ္စည်းများ သခွာသီး ကြက်သွန်ဖြူ ဟင်းခတ်မှုန့် ပြင်ဆင်ပုံ ၁။သခွားသီးရေဆေးပြီး အခွံသင် ထက်ခြမ်းခြမ်။ အလယ်အူထုတ် စောင်းစောင်း မထူမပါးလှီးထားပါ။ ၂။ ကြက်သွန်နီပါးပါးလှီး။ ကြက်သွန်ဖြူ ဟင်းခတ်မှုန့်ထည့်ပါ။ ပြုလုပ်နည်းအဆင့်ဆင့် ဆီကျက်အိုးထဲသို့ ကြက်သွန်နီထည့် ဆီသတ်၊ အနံ့မွှေး လာလျှင် လှီးထားသော သခွားသီးထည့်၊ ဟင်းခတ်မှုန့်၊ ဆား သင့်ရုံထည့်၊ ၃ မိနစ်ခန့် အဖုံးအုပ်ထားပါ။ သခွားသီးနူးလျှင် အပေါ့အငန်မြည်းပြီး ချပါ။

ပဲတောင့်ရှည်သီးဆီပြန်

Image
ပါဝင်သော ပစ္စည်းများ ပဲတောင့်ရှည် အာလူး ကြက်သွန်နီ/ဖြူ ပဲငံပြာရည် မဆလာ ပြင်ဆင်ပုံ ၁။ ပဲတောင့်ရှည်နှင့် အာလူးတို့ကို သင့်လျော်အောင်လှီးပါ။ ၂။ ကြက်သွန်ဖြူ နီ၊ ချင်း၊ ငရုတ်သီးခြောက်တို့ကို ပါးပါး လှီးကြော်။ ပြုလုပ်နည်းအဆင့်ဆင့် ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးခြောက် စသည်တို့ကို နီလာအောင်ကြော်ပြီး လှီးထားသော ပဲတောင့်ရှည်၊ အာလူးတို့ကို ထည့်ပါ။ ဆား နနွင်း၊ ပဲငံပြာရည်တို့ကိုထည့်၍ ကောင်းစွာ မွှေပြီး အဖုံးဖုံးထားပါ။ အတန်ကြာလျှင် ရေအနည်းငယ်ထည့် ပါ။ ဆီပြန်လာလျှင် မဆလာထည့်၍ သုံးဆောင်ပါ။

ပဲတီချဉ်ကြော်

Image
ပါဝင်သော ပစ္စည်းများ ပဲတီချဉ် ပဲငံပြာရည် ငရုတ်သီးခြောက် ချင်း၊ နနွင်း ငရုတ်သီးစိမ်းတောင့် ဆလတ်ရွက် ပြင်ဆင်ပုံ ၁။ ကြက်သွန်ဖြူ/နီ၊ ချင်း၊ ငရုတ်သီးခြောက်တို့ကို ပါးပါးလှီးပြီးကြော်ပါ။ နီရောင်လာလျှင် ပဲတီချဉ်ထည့်ပါ။ ၂။ ငရုတ်သီးစိမ်းတောင့်ကို ခြမ်းထားပါ။ ပြုလုပ်နည်းအဆင့်ဆင့် ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးခြောက်ကြော်ထဲသို့ ပဲတီချဉ် ထည့်ပြီး ဆား၊ ပဲငံပြာရည်၊ နနွင်းတို့ထည့်၍ ကောင်းစွာမွှေ ပါ။ ငရုတ်သီးစိမ်းတောင့်ခြမ်းများထည့်ပါ။ ရေအနည်းငယ် ထည့်၊ ကျက်လျှင် ဆလတ်ရွက် ပါးပါးလှီးထည့်ပါ။

ပိန်းဥဆီပြန်

Image
ပါဝင်သော ပစ္စည်းများ ပိန်းဥ ၆လုံး ကြက်သွန်နီ ၂ လုံး ကြက်သွန်ဖြူ ၁ ဥ ငရုတ်သီးစိမ်းမှုန့် ၁ဇွန်း ဆီ ၅ ကျပ်သား ပြင်ဆင်ပုံ ၁။ ပိန်းဥကိုပြုတ်၍ အခွံနွှာပြီး ရေစင်စင်ဆေးပါ။ ၂။ ငရုတ်သီးအစိမ်းမှုန့်၊ ကြက်သွန်ဖြူ/နီတို့ကိုထောင်းပါ။ ပြုလုပ်နည်းအဆင့်ဆင့် ဆီကျက်ထဲသို့ ငရုတ်နှစ်ထည့်၍ ဆီသတ်ပါ။ ပြီးလျှင် ပိန်းဥထည့်မွှေပါ။ ဆား၊ ဟင်းခတ်မှုန့်၊ ရေအနည်းငယ်ထည့် ပြီး အဖုံးအုပ်ပါ။ ဆီပြန်လျှင် သုံးဆောင်နိုင်ပါသည်။

ပေါက်ပန်းဖြူရွက်သုပ်

Image
ပါဝင်သော ပစ္စည်းများ ပေါက်ပန်းဖြူရွက်နုနု ၅ ခက် ကြက်သွန်ဖြူ ၁ ဥ ကြက်သွန်နီ ၃ လုံး မြေပဲလှော်၂ ကျပ်ခွဲသား ဆီ ၅ ကျပ်သား သံပုရာသီး ၁ လုံး ပြင်ဆင်ပုံ ၁။ ပေါက်ပန်းဖြူရွက်ကိုပြုတ်ပါ။ နူးလျှင် အရွက်များကိုပါးပါးလှီးပါ။ ၂။ ကြက်သွန်ဖြူနှင့် ကြက်သွန်နီ တစ်လုံးကို ပါးပါးလှီး ဆီချက်ပါ။ ၃။ မြေပဲကို မညက်တညက်ထောင်းပါ။ ပြုလုပ်နည်းအဆင့်ဆင့် လှီးထားသော ပေါက်ပန်းဖြူရွက်ထဲသို့ ကြက်သွန်နီ၊ဆီကျက်၊ မြေပဲထောင်း၊ နှမ်း၊ ဟင်းခတ်မှုန့်၊ ဆားအနည်းငယ် ထည့်ပြီး ရောနယ်၍သုပ်ပါ။ သံသရာသီးညှစ်ထည့်ပါ။ အစပ်ကြိုက်က ငရုတ်သီးစိမ်း ပါးပါးလှီးထည့်ပါ။

မန်ကျည်းသီးစိမ်းချက်

Image
ပါဝင်သော ပစ္စည်းများ မန်ကျည်းသီးစိမ်း ထန်းလျက်၊ ဆား ငရုတ်သီးစိမ်း ကြက်သွန်ဖြူ/နီ ပြင်ဆင်ပုံ ၁။ မန်ကျည်းသီးစိမ်းတောင့်ကို ရေစပ်စပ်နှင့်ပြုတ်။ နူးလာလျှင် အအေးခံပြီး အေးလျှင် လက်ဖြင့်ချေ၍ အနှစ်ရည်ကို စစ်ယူထားပါ။ ၂။ ကြက်သွန်ဖြူ/နီ ထောင်းထားပါ။ ၃။ မန်ကျည်းသီးစိမ်းပြုတ်ရည်ထဲသို့ ထန်းလျက်၊ ဆား၊ အချို့မှုန့်တို့ထည့်ပါ။ ပြီးလျှင် ကျိုပါ။ ငရုတ်သီးစိမ်း ဓားပြားရိုက်ထည့်ပြီး ဖိုမှချ။ ပြုလုပ်နည်းအဆင့်ဆင့် ငရုတ်သီး၊ကြက်သွန်ဖြူ/နီထောင်းကိုဆီသတ်ပြီး၎င်းဆီသတ်ထဲသို့မန်ကျည်းသီးစိမ်းပြုတ်လောင်းထည့်၊ ထန်းလျက် (ဝါ) သကြားအနည်းငယ်ထည့်။ ချခါနီး ငရုတ်သီးစိမ်းဓားပြားရိုက်ထည့်ပါ။

ပေါက်ပန်းဖြူရွက်သနပ်

Image
ပါဝင်သော ပစ္စည်းများ ပေါက်ပန်းဖြူရွက် ဆီ သကြား၊ ဆား နှမ်းလှော် ပြင်ဆင်ပုံ ၁။ ပေါက်ပန်းဖြူရွက်ကို ရေဆေး၍ ရေဆူတွင် ထည့်ပြုတ်ပါ။ကျက်လျှင် ဆယ်ပြီး ရေအေးတွင်စိမ်ထားပါ။ အေးလျှင်သေးသေးလှီးထားပါ။ ၂။ နှမ်းလှော်ကို ထောင်းထားပါ။ ပြုလုပ်နည်းအဆင့်ဆင့် သေးသေးလှီးထားသော ပေါက်ပန်းဖြူရွက်ကို ရေညစ်ပြီး ၎င်းပေါ်သို့ ဆီကျက်၊ သကြား၊ ဆားထည့်၍ ရွရွကလေး နယ်ပါ။ နှမ်းလှော်ဖြူး၊ သမအောင်နယ်ပြီး ပြင်ပါ။

မြေပဲငါးပိ

Image
ပါဝင်သော ပစ္စည်းများ မြေပဲလှော် ပဲငံပြာရည်အကြည် ကြက်သွန်ဖြူ ငရုတ်သီးစိမ်း သကြား၊ ထန်းလျက် သံပရာရည် ပြင်ဆင်ပုံ ၁။ မြေပဲလှော်ကို စေးညက်နေအောင်ထောင်းပါ။ ၂။ ကြက်သွန်ဖြူ မညက်တညက်ထောင်း။ ၃။ ထန်းလျက်ထောင်းထားပါ။ ပြုလုပ်နည်းအဆင့်ဆင့် မြေပဲလှော်ထောင်းကို ပဲငံပြာရည် အကြည်ရည်တွင် ထည့်၊ ကြက်သွန်ဖြူထောင်းထည့်၊ ဓားပြားရိုက်ထားသော ကြက်သွန်ဖြူထည့်၊ သကြား၊ ထန်းလျက်ထောင်းထည့်၊ သံပရာ ရည်ညှစ်ထည့်၊ သမအောင်မွှေပေးပါ။

ပဲငါးပိချက်

Image
ပါဝင်သော ပစ္စည်းများ ပဲငါးပိ ကြက်သွန်နီ/ဖြူ ငရုတ်သီးထောင်း ဆင်ခရမ်းချဉ်သီး တရုတ်ခရမ်းချဉ်သီး မန်ကျည်းသီး ပြင်ဆင်ပုံ ၁။ ပဲငါးပိကို အရည်စစ်ပြီး ထောင်းပါ။ ၂။ ကြက်သွန်နီ/ဖြူကို နီရောင်လာအောင် ကြော်ပါ။ ပြုလုပ်နည်းအဆင့်ဆင့် ပဲငါးပိထောင်းထဲသို့ ငရုတ်သီးထောင်းနှင့် ကြက်သွန်ကြော်ထည့်ပါ။ ထို့နောက် ဆင်ခရမ်းချဉ်သီး၊ တရုတ်ခရမ်းချဉ်သီးတို့ လှီးထည့်ပြီး မန်ကျည်းရည် သင့်အောင်လောင်းပါ။ နံနံမြိတ်၊ ကြက်သွန်မြိတ်တို့အုပ်၍ ချပြီး သုံးဆောင်ပါ။

ပုန်းရည်ဟင်း

Image
ပါဝင်သော ပစ္စည်းများ ပုန်းရည် ကန်စွန်းရွက် ခရမ်းသီး ကြက်သွန်နီ/ ဖြူ ပဲငံပြာရည် ပဲငါးပိ မှိုအစို (သို့မဟုတ်) အခြောက် ပြင်ဆင်ပုံ ၁။ ခရမ်းသီးကို အဖန်ရည်ထွက်အောင် ဆန်ဆေးရည်နှင့်ဆေးပါ။ ၂။ လက်ပန်ခေါင်းကို နူးအောင်ပြုတ်ပါ။ ပြုလုပ်နည်းအဆင့်ဆင့် လက်ပန်ခေါင်းပြုတ်ဖတ်အိုးထဲသို့ ကန်စွန်းရွက်၊ခရမ်းသီး၊ သနပ်ဥ၊ ကြက်သွန်နီ/ဖြူ မှိုထည့်ပါ။ ထို့နောက် ပုန်းရည်သင့်အောင်ထည့်။ ဆား၊ ဆီ၊ ပဲငံပြာရည်၊ နနွင်း၊ပဲငါးပိတို့ကို သင့်ရုံထည့်ပြီးလုံးပါ။ နူးနပ်လျှင် ရေနည်းနည်းထည့်။ ထို့နောက် ခရမ်းသီးဆေးပြီးသားကိုထည့်ပါ။ ကောင်း စွာကြိုပြီး ဟင်းရည်ကျက်လျှင် သုံးဆောင်ပါ။

ကင်ပွန်းချဉ်ရွက်ကြော်

Image
ပါဝင်သော ပစ္စည်းများ ကင်းပွန်းချဉ်ရွက် ၃ စည်း ကြက်သွန်နီ ၂ ဥ ကြက်သွန်ဖြူ ၅ မြွှာ ဆီ ၂ ကျပ်ခွဲသား ထန်းလျက် ၁လုံး မြေပဲမှုန့် ၂ ဇွန်း အရောင်တင်မှုန့် ၁ ဇွန်း နနွင်း အနည်းငယ် ပြင်ဆင်ပုံ ၁။ ကင်ပွန်းချဉ်ရွက် ရေဆေးပြီး ချွေထားပါ။ မိုးမျှော်ငရုတ်သီးလေးတောင့်ကို ပိုင်းချိုးထားပါ။ ၂။ ကြက်သွန်နီ ၁ ဥ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်၊ထန်းလျက် တို့ကို ညက်အောင်ထောင်းပါ။ ကျန် ကြက်သွန်နီတစ်ဥ ကို ခပ်ကြမ်းကြမ်းလှီးပါ။ ပြုလုပ်နည်းအဆင့်ဆင့် ဆီကျက်အိုးထဲသို့ ထောင်းထားသော အမွှေးအကြိုင်ထည့်၊ နနွင်းထည့် မွှေးလာအောင်ကြော်။ မြေပဲဆန်ထည့်၊သမအောင်မွှေပြီး၁မိနစ်ခန့်ကြော်ပါ။ဆားထည့်ပါ။သမအောင်မွှေပြီးကင်ပွန်းချဉ်ရွက်ထည့် သမအောင်မွှေပြီးကြော်။ ၂ မိနစ်ခန့်ကြာလျှင် ကြက်သွန်နီ၊ ငရုတ်မိုးမျှော်အုပ်၍ သမ အောင်မွှေပြီး ဖိုပေါ်မှချပါ။

ဆီးဖြူသီးသနပ်

Image
ပါဝင်သော ပစ္စည်းများ ဆီးဖြူသီးအလုံးကြီး ၁၀လုံး ကြက်သွန်နီဥကြီး ၁ ဥ ကြက်သွန်ဖြူ အမြွှာကြီး ၁ မြွှာ နှမ်းလှော် ၁ဇွန်း ဆား၊ သကြား သင့်ရုံ ဆီ၂ ကျပ်ခွဲသား ပြင်ဆင်ပုံ ၁။ ဆီးဖြူသီး နူးအိအောင်ပြုတ်၊ ပြုတ်ရည်ကိုသွန်ပါ။ ၄/၅ကြိမ် ရေဆေးပြီး ရေစစ်လျှင် အစေ့ထုတ်၍ထောင်းပါ။ ၂။ နှမ်းကို ဆန်ကောတွင်ထည့် ပုလင်းဖြင့် ကြိတ်ချေထားပါ။ ၃။ ကြက်သွန်နီကြော်၊ ဆီကျက် ၂ ဇွန်းခပ်ထားပါ။ ပြုလုပ်နည်းအဆင့်ဆင့် ထောင်းထားသော ဆီးဖြူသီးထဲသို့ ဆား၊ သကြား၊ ဆီကျက် ၁ ဇွန်းတို့ကိုရောထောင်းပါ။ ညက်လျှင် ဆုံမှထုတ်ယူ ပြီး အလုံးလေးများလုပ်၊ ၎င်းတို့အပေါ်သို့ ဆီနှံ့အောင်ဆမ်း၊ ကြက်သွန်ကြော်ဖြူးပြီး ပြုပြင်ပေးပါ။

မရမ်းသီးအစိမ်းသုပ်

Image
ပါဝင်သော ပစ္စည်းများ မရမ်းသီးအစိမ်း ၁၀ ကျပ်သား ကြက်သွန်နီ ၁ဥ ကြက်သွန်ဖြူဆီကျက် ၁ ဇွန်း မြေပဲမှုန့် ၂ ကျပ်သား ဂေါ်ဖီထုပ်၂ရွက် ပဲမှုန့်အကျက် ၁ ကျပ်သား သကြား လက်ဖက်ရည်ဇွန်းတစ်ဝက် ပြင်ဆင်ပုံ ၁။ မရမ်းသီး ထက်ခြမ်းခြမ်းပြီး အစေ့ထုတ် ပါးပါးလှီးထား။ဂေါ်ဖီရွက်ကို အလယ်ရိုးထုတ်ပြီး ရေဆေး ပါးပါးလှီးထားပါ။ ၂။ ကြက်သွန်နီ ပါးပါးရေဆေး စစ်ထားပါ။ ကြက်သွန်ဖြူကြော်ပါ။ ပြုလုပ်နည်းအဆင်ဆင့် ဇလုံထဲတွင် မရမ်းသီး၊ ကြက်သွန်နီ အဆာပလာများ နှင့် မရမ်းသီးပါးပါး၊ ဆီကျက်ဆမ်းပြီး သမအောင်နယ်။ အသုပ်ပေါ်သို့ ကြက်သွန်ဖြူကြော်ဖြူး၊ ငရုတ်သီးလှော်ထောင်း ကို ဘေးတွင်ပုံပေးပါ။

ပိန္နဲသီးဆီပြန်

Image
ပါဝင်သော ပစ္စည်းများ ပိန္နဲသီးနုနု(အကင်း) ၁ လုံး ကြက်သွန်နီ ၅ လုံး ကြက်သွန်ဖြူ ၂ ဥ ဆီ ၅ ကျပ်သား ငရုတ်သီးအစိမ်းမှုန့်၊ဟင်းခတ်မှုန့် သင့်ရုံစီ ပြင်ဆင်ပုံ ၁။ ပိန္နဲသီးကို အခွံခွာ၍ အနေတော် အတုံးကလေးများတုံးပြီး ရေစင်အောင်ဆေးပါ။ ၂။ ငရုတ်သီးစိမ်းမုန့်နှင့် ကြက်သွန်ဖြူနီ ရောထောင်းပါ။ ပြုလုပ်နည်းအဆင့်ဆင့် ဆီအိုးဆီကျက်လျှင် ငရုတ်နှစ်ထောင်းပြီးသား ဆီသတ်ပါ။ ပြီးလျှင် ပိန္နဲသီးထည့်မွှေ၊ ဆား၊ ဟင်းခတ်မှုန့် သင့်အောထည့်ပါ။ နူး၍ ဆီပြန်လာလျှင် ချ၍သုံးဆောင်ပါ။

ပဲခြမ်းကြော်သုပ်

Image
ပါဝင်သော ပစ္စည်းများ ပဲခြမ်းကြော် (အထုပ်လတ်) ၁ ထုပ် ကြက်သွန်နီ ၃ လုံး ဆီ ၅ ကျပ်သား ခရမ်းချဉ်သီး ၁ လုံး ငရုတ်သီးစိမ်း ၅ တောင့် သံပရာသီး ၁လုံး ပြင်ဆင်ပုံ ၁။ ကြက်သွန်နီ ၃ လုံးကို ပါးပါးလှီးပြီး ရေစင်အောင်ဆေး ထားပါ။ ၂။ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးပါ။ ပြုလုပ်နည်းအဆင့်ဆင့် ပဲခြမ်းကြော်ထဲသို့ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ခရမ်း ချဉ်သီး၊ ဆီ၊ ဆား၊ မဆလာ၊ ဟင်းခတ်မှုန့်ရောထည့် နယ်သုပ် ပါ။ ပဲခြမ်းကြော်သုပ်ထဲသို့ သံပရာသီးအရည်ညှစ်ထည့်ပါ။

ပုန်းရည်နှင့်မှိုဟင်း

Image
ပါဝင်သော ပစ္စည်းများ ပုန်းရည် ခရမ်းချဉ်သီး ကြက်သွန်နီ/ဖြူ ဆီ၊ ဆား ပြင်ဆင်ပုံ ၁။ ကြက်သွန်နီပါးပါးလှီး၍ ဆီသတ်ပါ။ ၂။ ကြက်သွန်ဖြူထောင်းထားပါ။ ၃။ မှိုရေဆေး လှီးပြီး နနွင်း၊ ဆားတို့နှင့်ရောနယ်ပါ။ ပြုလုပ်နည်းအဆင့်ဆင့် ကြက်သွန်နီ ဆီသတ်အိုးထဲသို့ ကြက်သွန်ဖြူထည့်၊ မွှေးလာလျှင် ခရမ်းချဉ်သီးထည့်။ အတန်ကြာလျှင် မှိုလှီးပြီး ဆားနယ်ထားသောအရာကိုထည့်။ ထို့နောက် ပုန်းရည်ကို မှိုနှင့် သင့်အောင် ခန့်မှန်း၍ထည့်၊ ဆီပြန်ချက်ပါ။ ကြက်သွန်နီများများထည့်ပေးပါ။ ကောက်ရိုးမှိုသုံးလျှင် အဖူးကိုချက်ပါ။ မှိုအုန်းနက်ဖြစ်လျှင် အဖူးကိုဖြစ်စေ၊ အပွင့်ကိုဖြစ်စေ ချက်ပါ။

ပန်သေးခေါက်ဆွဲဟင်း

Image
ပါဝင်သော ပစ္စည်းများ ကုလားပဲခြမ်း အုန်းနို့ ငရုတ်သီးခြောက် ဖာလာစေ့၊သစ်ကြံပိုးခေါက် ကြက်သွန်နီ ပဲငံပြာရည်၊တရုတ်ပဲဝါ ကရဝေးရွက်၊ ငရုတ်ကောင်း ပြင်ဆင်ပုံ ၁။ ကုလားပဲခြမ်းကို နူးအောင်ပြုတ်ပြီးထောင်း။ အုန်းနို့ထည့် ပြီးထောင်းပဲနှင့်ရော၍ဆီသတ်ပါ။ ၂။ ငရုတ်သီး ညက်ညက်ထောင်းပါ။ ၃။ ဖာလာ၊ သစ်ကြံပိုးခေါက်တို့ကို သင့်ရုံထောင်းပါ။ ၄။ တရုတ်ပဲဝါကို ပါးပါးလှီးပြီး မခြစ်အောင် ကျက်ရုံကြော်ထား။ ပြုလုပ်နည်းအဆင့်ဆင့် ဆီကျက်အိုးထဲသို့ ထောင်းပြီးသား ငရုတ်သီး၊ ဖာလာ စေ့တို့ကို ဆီမွှေးသတ်ပါ။ ထောင်းပြီးသား ကုလားပဲနှင့် အုန်းနို့ ရည်စိမ်ထားသော အရာတို့ကိုထည့်ပါ။ ကရဝေးရွက်ထည့်ပါ။ ထို့နောက် အခြား အသင့်ရှိသောအရာများကိုထည့်ပြီး ကြက်သွန် နီဥတစ်လုံးကို လေးစိတ်စိတ်၍ထည့်ပါ။ ပဲငံပြာရည်ခတ်၊ ရေသင့်အောင်ထည့်၊ ကျက်လျှင် ငရုတ်ကောင်းခတ်၍ သုံး ဆောင်ပါ။

ပန်းမုန်လာဆီပြန်

Image
ပါဝင်သော ပစ္စည်းများ ပန်းမုန်လာပွင့် ထောပတ် ကုလားပဲခြမ်း မတ်ပဲအခွံချွတ် မုန်ညင်းစေ့ ပြင်ဆင်ပုံ ၁။ ပန်းမုန်လာအပွင့်နှင့် အရွက်နုများကို သင့်ယှက်လှီးပါ။ ပြုလုပ်နည်းအဆင့်ဆင့် ထောပတ်ကိုချက်ပြီး မုန်ညင်းစေ့၊ ကုလားပဲခြမ်း၊ မတ်ပဲ အခွံချွတ်တို့ကို ထည့်ကြော်ပါ။ နီရောင်လာလျှင် ပန်းမုန်လာလှီး ပြီးသားကိုထည့်ပါ။ ဆား နနွင်း သင့်အောင်စပ်၍ မွှေပေးပါ။ ရေအနည်းငယ်လောင်း၊ ရေခန်းလျှင် မဆလာခပ်ပြီး ဆီပြန်လာ အောင်ချက်ပါ။

ပဲကြီးနှပ်

Image
ပါဝင်သော ပစ္စည်းများ ပဲကြီး ၁၀ ကျပ်သား ဆီ ၅ ကျပ်သား ကြက်သွန်နီ ၂ လုံး ကြက်သွန်ဖြူ ၁ ဥ ဆူးပုပ်ရွက် ၁ စည်း ဟင်းခတ်မှုန့် သင့်ရုံ ပြင်ဆင်ပုံ ၁။ ပဲကြီးကို ရေစင်အောင်ဆေးပါ။ ၂။ ကြက်သွန်နီ/ဖြူ ထောင်းထားပါ။ ပြုလုပ်နည်းအဆင့်ဆင့် ကြက်သွန်နီ ဆီသတ်အိုးထဲသို့ နနွင်းမှုန့်နည်းနည်း ထည့်ပါ။ ပဲကြီးထည့်၊ ဆားနှင့်ဟင်းခတ်မှုန့် သင့်ရုံထည့်ပါ။ ရေအနည်းငယ်ထည့်၍ အဖုံးအုပ်ထားပါ။ ရေခမ်း၍ ဆီပြန်လာ ပါက ဆူးပုပ်ရွက်အုပ်၍ ချကာ သုံးဆောင်ပါ။

ကင်မွန်းသီးဆီပြန်

Image
ပါဝင်သောပစ္စည်းများ ကင်မွန်းသီး ၁၀ လုံး ကြက်သွန်နီ၂ လုံး ကြက်သွန်ဖြူ ၁ ဥ ငရုတ်သီးအစိမ်းမှုန့် ကြွေဇွန်း ၁ ဇွန်း ဟင်းခတ်မှုန့် သင့်ရုံ ပြင်ဆင်ပုံ ၁။ကင်မွန်းသီးကို လေးစိတ်စိတ်၍ ရေစင်အောင်ဆေးထားပါ။ ၂။ ငရုတ်သီးအစိမ်းမှုန့်၊ ကြက်သွန်ဖြူ နီတို့ကို ရောထောင်းပါ။ ပြုလုပ်နည်းအဆင့်ဆင့် ဆီကျက်အိုးထဲသို့ ငရုတ်နှစ်များထည့်ပြီး ဆီသတ်ပါ။ ပြီးလျှင် ကင်မွန်းသီးထည့်မွှေပါ။ ဟင်းခတ်မှုန့် သင့်ရုံထည့်၍ အဖုံးအုပ်ထားပါ။ ကင်မွန်းသီးနူးပြီး ဆီးပြန်လာပါက စားသုံး ရန် အဆင်သင့်ပါပြီ။

ဂျူးမြစ်အချဉ်သုပ်

Image
ပါဝင်သော ပစ္စည်းများ ဂျူးမြစ် ကြက်သွန်ဥနီ ငရုတ်သီးစိမ်း ရှာလကာရည် (ဝါ) သံပရာရည် ပြင်ဆင်ပုံ ၁။ ဂျူးမြစ်များကို ရေစင်စင်ဆေးပြီး သေးသေးလှီးပါ။ ၂။ ကြက်သွန်ပါးပါးလှီးပါ။ ၃။ ငရုတ်သီးစိမ်းလှီးပါ။ ပြုလုပ်နည်းအဆင့်ဆင့် လှီးပြီးသား ဂျူးမြစ်ထဲသို့ ကြက်သွန်၊ ငရုတ်သီးစိမ်း ရှာလကာရည်၊ ဆားထည့်ပြီး သုပ်ကာသုံးဆောင်ပါ။

ငရံ့ပတူချဉ်ရည်ဟင်း

Image
ပါဝင်သော ပစ္စည်းများ ငရံ့ပတူရွက် ပဲငပြာရည် ခရမ်းချဉ်သီး ကြက်သွန်ဖြူနီ ပဲငါးပိ မန်ကျည်းမှည့်ရည် ပြင်ဆင်ပုံ ၁။ ခရမ်းခဉ်သီး သင့်အောင်လှီးထားပါ။ ၂။ မန်ကျည်းသီးမှည့်ကို ရေဖျော်ထားပါ။ ၃။ ကြက်သွန်မိတ်၊ နံနံပင်တို့ကို ရေဆေးပြီး သင့်အောင်လှီး ဖြတ်ပါ။ ပြုလုပ်နည်းအဆင့်ဆင့် ငရံ့ပတူရွက်ကို ခရမ်းချဉ်သီး၊ ငရုတ်သီးခြောက်၊ ပဲငံပြာရည်၊ ကြက်သွန်နီ/ ဖြူတို့နှင့် လုံးချက်ပါ။ ပဲငါးပိအနည်း ငယ်ထည့်ပါ။ မန်ကျည်းမှည့်ရည် သင့်ရုံထည့်ပါ။ ဆားသင့်ရုံ ခတ်၊ ကျက်လျှင် ကြက်သွန်မြိတ်၊ နံနံပင်အုပ်၍ချပါ။

ကန်စွန်းရွက်ပြုတ် ကော်ရည်ဆမ်း

Image
 ပါဝင်သော ပစ္စည်းများ ကန်စွန်းရွက် သကြား၊ ဆား ငရုတ်သီးခြောက် (အပုမျိုး)  ကြက်သွန်-ဖြူ/နီ ကော်မှုန့် ထန်းလျက် မန်ကျည်းနှစ်ရည်  ပြင်ဆင်ပုံ  ၁။ ၁ လက်မခန့် လှီးဖြတ်ထားသည့် ကန်စွန်းရွက်များကိုသကြားအနည်းငယ်ထည့်ထားသော ရေဆူအိုးတွင် ထည့် ပြုတ်ပါ။ နွမ်းပုံရလျှင် ရေအေးဖြင့်စိမ်ထားပါ။ ရေအေး ၃ ကြိမ်လဲပေးပါ။ ၂။ ငရုတ်သီးခြောက် ကြော်ထားပါ။ ၃။ မြေပဲလှော်ပြီး ထောင်းထားပါ။  ၄။ ကော်မှုန့်၊ ထန်းလျက်၊ ဆားကို မန်ကျည်းသီး အနှစ်ရည်  ကျဲကျဲနှင့်ဖျော်ပြီး ဆူအောင်တည်ပါ။  ၅။ ကြက်သွန်ဖြူကို ဓားပြားရိုက်၊ ကြမ်းကြမ်းစဉ်းပြီး ဆီချက် ချက်ပါ။ ပြုလုပ်နည်းအဆင့်ဆင့် ကန်စွန်းရွက်ကိုဆည်ပြီး ရေညှစ်ပါ၊ ပဲငံပြာရည်၊ အချို မှုန့်ထည့်ပါ၊ ငရုပ်သီးကြော် ခြေထည့်ပြီး မြေပဲထောင်းဖြူးပြီးကော်ရည်ကို လိုသလောက်ဆမ်း၊ ကြက်သွန်ဖြူဆီချက်၊ ကြက်သွန်ကြော် များများထည့်ပါ။

ကန်စွန်းဥ အာလူးကတ်တလိပ်ကြော်

Image
 ပါဝင်သော ပစ္စည်းများ ကန်စွန်းဥ ၂ ပိဿာ  အာလူး  ၅၀ ကျပ်သား  ဆား၊ မဆလာ သင့်ရုံ ပြင်ဆင်ပုံ ၁။ ကန်စွန်းဥများကိုပေါင်းပြီး အခွံနွှာ ညက်အောင် ထောင်း ပါ၊ ဆား သင့်ရုံထည့်နယ်ပါ။  ၂။ အာလူးကို လေးထောင့်တုံးကလေးများ တုံးပြီး ဆား၊ မဆလာနှင့်နယ်ပါ။ ၃။ ကြက်သွန်နီဥကြီး ၃ ဥနှင့် ကြက်သွန်ဖြူ ၂ ဥ ကိုလည်း ခပ်ကြမ်းကြမ်းစည်းပြီး ဆီအနည်းငယ်နှင့် ကြော်ထားပါ။  ပြုလုပ်နည်းအဆင့်ဆင့် ကန်စွန်းဥထောင်းပြီးသားကို အိုးကလေးသဏ္ဌာန်ပြုလုပ် ၍ အာလူးဌာပနာထည့်ပြီး ပြန်ပိတ်ပါ။ ဂျုံမှုန့် အနည်းငယ်စီ အပေါ်မှဖြူး၍ ကြော်ပြီး သုံးဆောင်ပါ။

နိုကိုဥဆီပြန်

Image
ပါဝင်သောပစ္စည်းများ နိုကိုဥ အာလူး ထောပတ် (ဝါ) နှမ်းဆီ မတ်ပဲ၊ ကုလားပဲခြမ်း ခရမ်းချဉ်သီး ဆား၊ နနွင်း၊ မဆလာ ပြင်ဆင်ပုံ ၁။ နိုကိုဥကို အခွံသင်ပြီး သင့်လျော်အောင်တုံးထားပါ။ အာလူးအနည်းငယ်ကို လှီးထားပါ။ ၂။ ခရမ်းချဉ်သီး လှီးထားပါ။ ပြုလုပ်နည်းအဆင့်ဆင့် ထောပတ် သို့မဟုတ် နှမ်းဆီချက်၍ မုန်ညင်းစေ့ထည့် ပါ။ အနည်းငယ်ကြာလျှင် မတ်ပဲ၊ အခွံချွတ်နှင့် ကုလားပဲခြမ်း တို့ထည့်၊ နီရောင်ပြောင်းလျှင် နိုကိုဥ၊ အာလူးထည့်မွှေပေးပါ။ ဆား၊ နနွင်း၊ မဆလာ၊ ခရမ်းချဉ်သီးထည့်၍ ကောင်းစွာမွှေ ပေးပါ။ အဖုံးအုပ်၍ အတန်ငယ်ကြာလျှင် ရေထည့်၍ဆီပြန် ချက်ပါ။

ပဲစဉ်းငုံဆီပြန်

Image
ပါဝင်သော ပစ္စည်းများ ပဲစဉ်းငုံ ၅ ကျပ်သား ကြက်သွန်ဖြူ ၂ မြွှာ ချင်း အနည်းငယ် ကြက်သွန်နီ ၁ လုံး ဆီ ၅ ကျပ်သား ပြင်ဆင်ပုံ ၁။ ပဲစင်းငုံရေဆေး အမှိုက်ရွေးပြီး နူးအိလာအောင် ရေခမ်းပြုတ်။ ၂။ ကြက်သွန်ဖြူ ဓားပြားရိုက်၊ ကြက်သွန်နီ ခပ်ကြမ်းကြမ်းလှီးပါ။ ပြုလုပ်နည်းအဆင့်ဆင့် ဆီချက်အိုးထဲသို့ ကြက်သွန်ဖြူထည့်၊ အနည်းငယ်ကြာ လျှင် ကြက်သွန်နီထည့်၊ နနွင်းထည့်၊ ကြက်သွန်မွှေးလာလျှင် ပြုတ်ထားသည့် ပဲထည့်၊ ဆားထည့်ပြီး အသာမွှေပါ။ ဆီပြန်လာလျှင် ချ၍သုံးဆောင်ပါ။

ပဲစဉ်းငုံချဉ်ရည်ဟင်း

Image
ပါဝင်သော ပစ္စည်းများ ပဲစဉ်းငုံ ၁၅ ကျပ်သား အာလူး ၁၅ ကျပ်သား ခရမ်းသီး ၁လုံး ပဲတောင့်ရှည် ၁ စည်း ရုံးပတီသီး ၅ တောင့် မန်ကျည်းသီးမှည့်/ဆီ ၂ ကျပ်ခွဲသားစီ ကြက်သွန်နီ ၅ ဥ ပြင်ဆင်ပုံ ၁။ ပဲစဉ်းငုံကို ရေစင်အောင်ဆေးပြီး နူးအောင်ပြုတ်ထားပါ။ ၂။ အခွံနွှာ ရေစင်အောင်ဆေးထားသော အသီးအနှံများကို နနွင်း၊ ဆားနှင့်ရောနယ်ပြီး ပဲပြုတ်ထားသော အိုးထဲသို့ ထည့်ပါ။ ပဲပြုတ်အိုးကို အဖုံးပိတ်ထားပါ။ ၃။ ပဲပြုတ်အိုးထဲရှိ အသီးအနှံများ နူးလာလျှင် ရေစိမ်ထားသော မန်းကျည်းမှည့်ရည်ကို အိုးထဲလောင်းပြီး ပွက်ပွက် ဆူလာသည်အထိ တည်ပါ။ ပြုလုပ်နည်းအဆင့်ဆင့် ဆီချက်ထားသည့် ဒယ်အိုးထဲသို့ ကြက်သွန်ဖြူ နီ၊ ပျဉ်းတော်သိမ်၊ ဇီယာတို့ ရောဆီသတ်ပါ။ မွှေးလာလျှင် ပွက် ပွက်ဆူနေသော ပဲဟင်းအိုးထဲသို့ လောင်းထည့်လိုက်လျှင် အနံ့ အရသာနှင့်ပြည့်စုံသော ပဲစဉ်းငုံချဉ်ရည်ဟင်းတစ်ခွက်ကို ရရှိ ပါသည်။

ငရုတ်အချဉ်ဟင်း

Image
ပါဝင်သော ပစ္စည်းများ ငရုတ်သီးခြောက် ကြက်သွန်နီ/ဖြူ ခရမ်းချဉ်သီး ပဲငါးပိ ပဲငံပြာရည် မန်ကျည်းရည် ကြက်သွန်မြိတ်၊ နံနံမြိတ် ပြင်ဆင်ပုံ ၁။ ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူနီတို့ကိုထောင်း၍ဆီသတ်ပါ။ ၂။ ငရုတ်သီးစိမ်းတောင့်များကို အတောင့်လိုက် အညှာထိလှီးပါ။ ပြုလုပ်နည်းအဆင့်ဆင့် ကြက်သွန်ဖြူနီ ငရုတ်သီးခြောက်ဆီကျက်ထဲသို့ ငရုတ်သီးစိမ်းတောင့်ထည့်ပါ။ ပဲငါးပိနှင့် ခရမ်းချဉ်သီးအနည်းငယ် ထည့်ပါ။ ပဲငံပြာရည်၊ ဆားထည့်ပြီး မန်ကျည်းရည်လောင်း ထည့်ပါ။ ကြက်သွန်မြိတ်၊ နံနံမြိတ်အုပ်၍ သုံးဆောင်ပါ။

တို့ဟူးသုပ်

Image
ပါဝင်သော ပစ္စည်းများ တို့ဟူး ၂၀ ကျပ်သား ကြက်သွန်နီ ၃ လုံး ကြက်သွန်ဖြူ ၁ ဥ မန်ကျည်းသီး လက်တစ်ဆုပ် ရှောက်ရွက် ၁ စည်း ပဲမှုန့်(အကျက်) စတီးဇွန်း ၁ ဇွန်း ငရုတ်သီးမှုန့်၊ဟင်းခတ်မှုန့် အနည်းငယ်ဆီ ပြင်ဆင်ပုံ ၁။ တို့ဟူးကို ပါးပါးလှီးထားပါ။ ၂။ ကြက်သွန်ဖြူ နီကို ဆီကျက်လုပ်ထားပါ။ ၃။ ရှောက်ရွက်နုကို ပါးပါးလှီးထား၊ မန်ကျည်းရည် ဖျော်ထားပါ။ ပြုလုပ်နည်းအဆင့်ဆင့် လှီးပြီးသား တို့ဟူးထဲသို့ မန်ကျည်းရည်၊ ဟင်းခတ် ၍ မှုန့်၊ ပဲမှုန့်၊ ဆီချက်ထည့်ပြီးသုပ်ပါ။ အစပ်ကြိုက်လျှင် ငရုတ်သီး မှုန့်ထည့်၍ သုံးဆောင်ပါ။

ငှက်ပျောဖူးသုပ်

Image
ပါဝင်သော ပစ္စည်းများ ငှက်ပျောဖူး ၁ ဖူး ကြက်သွန်နီ၄ လုံး ကြက်သွန်ဖြူ ၂ ဥ ပဲမှုန့် စတီးဇွန်း ၁ ဇွန်း ငရုတ်သီးမှုန့် အနည်းငယ် မန်ကျည်းသီး လက်တစ်ဆုပ် ဆီ ၅ ကျပ်သား ပြင်ဆင်ပုံ ၁။ ငှက်ပျောဖူး အရင့်ဖတ်များကိုပြုတ်ပါ။ ပြီးပါက အနုဖတ်ကလေးများကို ပါးပါးလှီးထားပါ။ ၂။ ကြက်သွန်နီ ၂ လုံးကို ပါးပါးလှီးထားပါ။ ကျန်သည် ကြက်သွန်နီ ၂ လုံးကိုလှီးပြီး ကြက်သွန်ဖြူနှင့်ရောဆီသတ်ပါ။ ပြုလုပ်နည်းအဆင့်ဆင့် ငှက်ပျောဖူးလှီးထားသည့်အထဲသို့ ဆီကျက်၊ ကြက်သွန်နီ၊ ပဲမှုန့်၊ ဟင်းခတ်မှုန့်၊ ငရုတ်သီးမှုန့်၊ မန်ကျည်းရည်တို့ကို ထည့်၍ရောနယ်ပါ။

ခရမ်းသီးဖုတ်သုပ်

Image
ပါဝင်သော ပစ္စည်းများ ခရမ်းသီးကြီးကြီး ၂ လုံး ကြက်သွန်နီဥကြီး ၃ လုံး ကြက်သွန်ဖြူ ၃ မွှာ နှမ်း စားပွဲဇွန်း ၁ ဇွန်း နှမ်းဆီ ၂ ကျပ်ခွဲသား ပြင်ဆင်ပုံ ၁။ခရမ်းသီးမီးဖုတ်၍ အသားထွင်ပြီး ပန်းကန်တွင်ထည့်ပါ။ ၂။ ကြက်သွန်နီ ပါးပါးလှီး၊ ကြက်သွန်ဖြူ ဓားပြားရိုက်ထားပါ။ ပြုလုပ်နည်းအဆင့်ဆင့် မီးဖုတ်ထားသော ခရမ်းသီးကို ခက်ရင်းဖြင့် အမြောင်း လိုက်ခြစ်ပါ။ လှီးထားသော ကြက်သွန်ဖြူ/နီ၊ နှမ်းဆီ၊ ဆား တို့ထည့်ပြီး ခက်ရင်းဖြင့်ပင် သမအောင်ဖွဖွနယ်ပေးပါ။ အပေါ့ အငန်မြည်းပြီး စားသုံးနိုင်ပါပြီ။

ပဲပြားအစာသိပ်ကြော်

Image
ပါဝင်သော ပစ္စည်းများ ပဲပြား ၁တုံး ကြက်သွန်နီ ၁ လုံး ကြက်သွန်ဖြူ ၁ မြွှာ ဥဝါ ၁ လက်မခန့် ဗိုလ်စားပဲ ၂ တောင့် ပြင်ဆင်ပုံ ၁။ ပဲပြားကို ထောင့်တန်းလှီးထား။ အတွင်းသားကို ဇွန်းဖြင့် ကော်ထား။ ၂။ ပဲပြားအတွင်းသားများကို ကြေအောင်ချေထားပါ။ ၃။ ဥဝါ၊ ဗိုလ်စားပဲ၊ ကြက်သွန်နီ/ဖြူ ချင်းတို့ကို သေးသေးနုတ်နုတ် စဉ်းထားပါ။ ပြုလုပ်နည်းအဆင့်ဆင့် ဆီ စတီးဇွန်းတစ်ဝက်ခန့်ကို ကျက်အောင်ချက်၊ ဆီ ကျက်လျှင် လှီးထားသော အစာများကိုကြော်ပါ။ အေးလျှင် ပဲပြားတွင် အစာသိပ်၊ အပေါ်ယံကို ကော်မှုန့်ဖြူးပြီးလိမ်းပေးပါ။ သို့မဟုတ်က ကော်မှုန့်ကို ရေပျစ်ပျစ်ဖျော်ပြီး ဆမ်းပေး။ ဆီများများဖြင့် အစာသိပ်ထားသော ပဲပြားကိုကြော်ပြီး ချဉ်ငန်စပ် ဖြင့် တို့စားပါ။

သီးစုံအစိမ်းကြော်

Image
ပါဝင်သော ပစ္စည်းများ ဂေါ်ရခါးသီး ၁ လုံး ဂေါ်ဖီပန်းပွင့် တစ်ဝက် ဥဝါ ၁ ဥ ရွှေပဲသီး ၁၀ဥ ဆီကျက်၅ ကျပ်သား မြေပဲ ၅ကျပ်သား ကြက်သွန်နီ ၁ ဥ ကြက်သွန်ဖြူ ၃မြွှာ ပြင်ဆင်ပုံ ၁။ မြေပဲရေဆူစိမ်ပြီး အခွံနွှာ၍ နူးရုံပြုတ်ပါ။ ၂။ ဂေါ်ရခါးသီး၊ ဥဝါတို့ကို အံစာတုံးပုံ လှီးထားပါ။ ပန်းပွင့်အနေတော်လှီး ရွှေပဲသီးကို ထက်ဝက်ပိုင်းထား။ ဥဝါနှင့်ဂေါ်ရခါးသီးကို ရေဆူတွင်ထည့်ပြီး ဆယ်၍ သန်ခါနှင့်စစ် ထားပါ။ ၃။ တရုတ်ကြက်သွန်မြိတ်၊ နံနံပင် အရိုးကို အနေတော်လှီးထားပါ။ ပြုလုပ်နည်းအဆင့်ဆင့် ဒယ်အိုးဆီကျက်လျှင် ကြက်သွန်ဖြူ/နီ ဆီသတ်၊ ဂေါ်ရခါးသီး၊ ဥဝါထည့် သမအောင်မွှေး၊ ဂေါ်ဖီပန်းထည့်၊သကြား ဆားထည့်ပြီး သမအောင်မွှေ၊ ငရုတ်သီးထည့်၊ မြေပဲပြုတ်ထည့် သမအောင် အသာအယာမွှေပြီး ဖိုမှချပါ။ ကြိုက်လျှင် ကော်ရည် ကျဲကျဲဖျော်လောင်းထည့်၊ ကျက်လျှင် ချပြီးသုံးဆောင်ပါ။ မြေပဲ ပြုတ်ရည် ထည့်ချက်ပါ။

အာလူးအကြေကြော်

Image
ပါဝင်သော ပစ္စည်းများ အာလူး ၂၀ ကျပ်သား ကြက်သွန်နီ ၁ ဥ ဆီ ၅ ကျပ်သား ဆား၊ နနွင်း သင့်ရုံ သကြား သင့်ရုံ ပြင်ဆင်ပုံ ၁။ အာလူးနူးအောင်ပြုတ်၊ အခွံနွှာပြီး ညက်အောင်ထောင်း၊ဆား၊ သကြားဖြူး မြည်းကြည့်ပါ။ ၂။ ကြက်သွန်နီ ပါးပါးလှီး၊ နနွင်းအနည်းငယ်နှင့်ကြော်ပြီးဆယ်ပါ။ ပြုလုပ်နည်းအဆင့်ဆင့် ဆီကျက်ထဲသို့ အာလူးထောင်းပြီးသားထည့်၊ ဇွန်းပြား ဖြင့်ဖိ၍ပြားပါ။ တစ်ဖက်တစ်ချက်စီ လှန်ပေးပါ။ အပြားမကြိုက်လျှင် အာလူးအရုပ်ကိုထိုးဆွ၍ အဖတ်အဖတ်ဖြစ်အောင်လုပ်ပြီး ကြော်ပါ။ ကြွပ်ရွလာပါက ပန်းကန်ပြားထဲထည့်ပြီး အပေါ်မှ ကြက်သွန်ကြော်ဖြူးပါ။

ဂေါ်ရခါးသီးကြော်

Image
ပါဝင်သော ပစ္စည်းများ ဂေါ်ရခါးသီး ၂ လုံး ကြက်သွန်ဖြူ ၁ ဥ ဆီ ၅ ကျပ်သား ဟင်းခတ်မှုန့်၊ ဆား သင့်ရုံ ပြင်ဆင်ပုံ ၁။ ဂေါ်ရခါးသီး အခွံနွှာ၊ ရေစင်အောင်ဆေးပြီး ပါးပါးလှီးထားပါ။ ၂။ ကြက်သွန်ဖြူ ဓားပြားရိုက်ထားပါ။ ပြုလုပ်နည်းအဆင့်ဆင့် ဆီကျက်လျှင် ကြက်သွန်ဖြူ ဆီသတ်ပါ။ ပြီးလျှင် ဂေါ်ရခါးသီး၊ ဟင်းခတ်မှုန့်ထည့်ကြော်၊ နူးလျှင် အပေါ့အငန် မြည်း၍ သုံးဆောင်ပါ။

ပဲပြား၊ ကြံမဆိုင်ကြော်

Image
ပါဝင်သော ပစ္စည်းများ ကြံမဆိုင်၅ ပင် ပဲပြားတုံး ၁ တုံးခွဲ ဆီ ၅ ကျပ်သား ကြက်သွန်ဖြူ ၆မွှာ ချင်း ၃လွှာ ပြင်ဆင်ပုံ ၁။ ကြံမဆိုင်ကို အပင်လိုက်ရေဆေးပါ။ ပြီးလျှင် တစ်ရိုးစီဖဲ့၍သေးသေးလှီးထားပါ။ ၂။ ပဲပြားတုံးကို ရေဆေးပြီး သေးသေးလှီးပါ။ ၃။ ကြက်သွန်ဖြူ ဓားပြားရိုက်၊ ချင်းကိုရေဆေးပြီး သေးသေးလှီးပါ။ ပြုလုပ်နည်းအဆင့်ဆင့် ဆီကျက်အိုးထဲသို့ ပဲပြားထည့်၊ တစ်ဖက်ကျက်မှ တစ် ဖက်လှန်ပေးပြီး ကျက်လျှင်ဆယ်ထားပါ။ ဒယ်အိုးထဲသို့ ဆီတစ် ဝက်ခန့်ချန်ပြီး ချင်းဆီသတ်၊ ကြွပ်လာလျှင် ကြက်သွန်ဖြူထည့်၊ နွမ်းလာလျှင် ကြံမဆိုင်ထည့်ကြော်၊ ဆီပြန်လာလျှင် ကြော်ထားသော ပဲပြားတုံးကလေးများထည့်ပါ။ ထို့နောက် ဟင်းချိုရည် တစ်ဇွန်းဆမ်းထည့်ပြီး သမအောင်မွှေ၊ ခေတ္တအုပ်ထားပါ။ အပေါ့အငန်သင့်အောင်လုပ်ပြီး မီးဖိုမှချကာ သုံးဆောင်ပါ။

ဒိန်ခဲချက်

Image
ပါဝင်သော ပစ္စည်းများ ဒိန်ခဲ(ချီးစ်) ခရမ်းချဉ်သီး ငရုတ်သီးခြောက် ကြက်သွန်နီ/ဖြူ ကြက်သွန်မြိတ်၊နံနံမြိတ် ပြင်ဆင်ပုံ ၁။ ကြက်သွန်နီလှီး၊ ငှရုတ်သီးစိမ်း လေးစိတ်စိတ်ထားပါ။ ၂။ ဒိန်ခဲ(ချီးစ်)ကို နှစ်ပုံပုံပါ။ ၁ ပုံကို ပါးပါးလှီးပြီးတစ်ပုံထောင်းပါ။ ပြုလုပ်နည်းအဆင့်ဆင့် ကြက်သွန်နီ၊ ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူတို့ကို ဆီသတ်ပြီး ဒိန်ခဲ၊ ခရမ်းချဉ်သီးများများ၊ ဆီ၊ ဆား၊ နနွင်း တို့ကိုပါရောပြီးလုံးပါ။ ရေအနည်းငယ်ထည့်ပါ။ ခရမ်းချဉ်သီး ကြေ၍ ဆီပြန်လျှင် ကြက်သွန်မြိတ်နှင့် နံနံမြိတ်တို့ကို အပေါ်က အုပ်၊ နွမ်းလျှင် ချ၍သုံးဆောင်ပါ။

ဒန့်သလွန်သီးဟင်း

Image
ပါဝင်သော ပစ္စည်းများ ဒန့်သလွန်သီး အာလူး နံနံစေ့ ကြက်သွန်ဖြူ/နီ/ ချင်း ငရုတ်သီးခြောက် နှမ်းဆီ ပြင်ဆင်ပုံ ၁။ ဒန့်သလွန်သီး အခွံခြစ်ပြီး လက်လေးသစ်ခန့်လှီး၍ထားပါ။ ၂။ နံနံစေ့ကို ညက်အောင်ထောင်းထားပါ။ ၃။ ကြက်သွန်ဖြူ၊ နီ၊ ချင်း၊ငရုတ်သီးခြောက်တို့ထောင်းထားပါ။ ၄။ အာလူး အနည်းငယ် လှီးထားပါ။ ပြုလုပ်နည်းအဆင့်ဆင့် အိုးထဲတွင် နှမ်းဆီကျက်လျှင် ထောင်းထားသောအရာ များနှင့် နနွင်း၊ ဆားထည့်မွှေပါ။ အနီရောင်ထွက်လာလျှင် လှီးပြီးထားသော ဒန့်သလွန်သီးထည့်ပါ။ အာလူးအနည်းငယ် မဆလာအနည်းငယ်ထည့်ပါ။ ကောင်းစွာမွှေပြီး ရေထည့်၊ ဟင်းရေခပ်ပျစ်ပျစ်ဖြစ်လျှင် ချပြီးသုံးဆောင်ပါ။

တဇောင်းချဉ်စပ်

Image
ပါဝင်သော ပစ္စည်းများ တဇောင်းခါးသီး ၂၀ ကျပ်သား ကြက်သွန်နီ ၃ လုံး ကြက်သွန်ဖြူ ၂မွှာ ငရုတ်သီးမှုန့်၊ နနွင်း အနည်းငယ်စီ ဆား၊ သကြား သင့်ရုံ ဆီ ၂ ကျပ်ခွဲသား ပြင်ဆင်ပုံ ၁။ တဇောင်းခါးသီးများကို ရေစင်ကြယ်စွာဆေးပြီး ဓားပြားရိုက်၊ ဆားနှင့်ခပ်ဖွဖွနယ်၍ ရေဆေးစစ်ထားပါ။ ၂။ ငရုပ်သီး၊ ကြက်သွန်ဖြူနီတို့ကို ရောထောင်းထားပါ။ ပြုလုပ်နည်းအဆင့်ဆင့် ချက်မည့်အိုးတွင် ရေဆေး၍စစ်ထားသော တစောင်းခါး သီး ဆားနယ်ပြီးသား၊ ရေဆေးပြီးသားကိုထည့်ပါ။ ထို့နောက်ထောင်းထားသော ငရုတ်၊ ကြက်သွန်ကို အပေါ်တွင်ထည့်။ နနွင်း၊ ဆား၊ ဆီ၊ ရေလက်ဖက်ရည်ပန်းကန် ၁ လုံးထည့် အဖုံးဖုံးပြီးတည်။ မတူးကပ်အောင် အိုးကို မကြာခဏလှုပ်ပေ ပါ။ ရေခန်း၍ မနူးသေးလျှင် ရေဆူနည်းနည်းထည့်၍ အဖုံးအုပ် ထားပါ။ နူး၍ ဆီပြန်လျှင် ချပြီး သုံးဆောင်ပါ။

တညင်းသီးဆီပြန်

Image
ပါဝင်သော ပစ္စည်းများ တညင်းသီး ၂၅ လုံး ဆီ ၅ ကျပ်သား နနွင်း၊ ဆား သင့်ရုံ ပြင်ဆင်ပုံ ၁။ သုံးကြိမ် ရေလဲ၍ပြုတ်ထားသော တညင်းသီးများကို အခွံ နွှာ၍ ထက်ခြမ်းခွဲပြီးထားပါ။ ပြုလုပ်နည်းအဆင့်ဆင့် အိုးထဲတွင် တညင်းသီး ထက်ခြမ်းခွဲပြီးသားများကိုထည့် ဆီတည့်၊ ဆား၊ နနွင်း သင့်ရုံစီထည့်၊ ရေသင့်ရုံထည့်ပြီး အဖုံးဖုံး၍တည်။ ရေခန်းလျှင် ရေဆူထပ်တည်ပြီး နူးသည်ထိ နှပ်ထားပါ။

မျှစ်ဖူးနှပ်ချက်

Image
ပါဝင်သော ပစ္စည်းများ မျှစ်နုနုပြုတ်ပြီးအချောင်း ၂၅ ကျပ်သား ငရုတ်ခြောက်အပွ ၅ တောင့် ကြက်သွန်ဖြူ/နီ ဖြူ ၃-ဥ နီ ၃-ဥ သကြား၊ ဆား သင့်ရုံ ဆီ ၅ ကျပ်သား နနွင်း သင့်ရုံ ပြင်ဆင်ပုံ ၁။ မျှစ်ပြုတ်ကို အဖူးလိုက် ပုံမပျက်အောင်ခြစ်၊ ထပ်ပြုတ်ပြီးရေစစ်ထားပါ။ ၂။ ကြက်သွန်ဖြူနီ ငရုတ်ပွထောင်းပါ။ ပြုလုပ်နည်းအဆင့်ဆင့် အိုးထဲတွင် ကြက်သွန်ဖြူ နီ၊ ငရုပ်ပွထောင်းပြီးသော ထည့်၊ နနွင်း၊ ဆား၊ သကြား သင့်ရုံထည့်၍ မျှစ်ဖူးများ ပုံပျက်ခြင်းမရှိအောင် လက်နှင့်ဖွဖွနယ်ပါ။ ရေမြှပ်ရုံထည့်ချက်ပါ။ မနူးသေးလျှင် ဆူပြီးသောရေကိုထည့်ပါ။ ဆီပြန် သို့မဟုတ် ဆီပြန်ရေကျန်ချပြီး သုံးဆောင်ပါ။ ပင်စိမ်းအုပ်ပြီးလည်း စား နိုင်ပါသည်။ မျှစ်အဖူးများ ပုံမပျက်အောင် ဟင်းအိုးကိုလှုပ်၍ ချက်ပါ။

ဆီးဖြူသီးကြော်ချက်

Image
ပါဝင်သော ပစ္စည်းများ ဆီးဖြူသီး ကြက်သွန်နီ/ဖြူ၊ချင်း ငရုတ်သီးခြောက် ပဲငံပြာရည် ပြင်ဆင်ပုံ ၁။ ငရုတ်သီးခြောက် ခပ်များများ၊ ချင်း၊ ကြက်သွန်ဖြူ/နီ တို့ကို မညက်တညက် ထောင်းပါ။ ၂။ ဆီးဖြူသီးနှင့် ငရုတ်သီးစိမ်းတို့ကို လှီးထည့်ထားပါ။ ပြုလုပ်နည်းအဆင့်ဆင့် ထောင်းထားသည့် ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူ နီ တို့ကို ဆီသတ်ပါ။ နီရောင်လာလျှင် လှီးထားသည့် ဆီးဖြူသီး၊ငရုတ်သီးစိမ်းတို့ကိုထည့်ပါ။ ထို့နောက် ခရမ်းသီးနှင့် ပဲငါးပိ အနည်းငယ်ထည့်၊ ဆား၊ ပဲငံပြာရည်ခတ်ပြီး သုံးဆောင်ပါ။

ရှမ်းပဲပုတ်နှင့် မြေပဲအစပ်ကြော်

Image
ပါဝင်သော ပစ္စည်းများ ရှမ်းပဲပုပ်ခြောက် ၁၀ ကျပ်သား မြေပဲလှော် (အခွံချွတ်ပြီး) ၅ ကျပ်သား ကြက်သွန်ဖြူ ၅ ကျပ်သား ငရုတ်သီးပွခြောက် ၅ တောင့် ဆီ ၁၀ ကျပ်သား ပြင်ဆင်ပုံ ၁။ ရှမ်းပဲပုပ်ခြောက်များကို ကတ်ကြေးဖြင့် အချောင်းကလေများဖြစ်အောင်ညှပ်ပြီး ဆီချက်အိုးထဲထည့်ပြီး ကြွပ်အောင်ကြော်ပါ။ ကြွပ်လာလျှင် ဆယ်၍ဆီစစ်ထားပါ။ ၂။ အခွံချွတ်ထားသော မြေပဲလှော်ကို မညက်တညက်ထောင်ပါ။ ၃။ ငရုတ်သီးပွခြောက်နှင့် ကြက်သွန်ဖြူတို့ကိုရေး၍ ညက်အောင်ထောင်းထားပါ။ ပြုလုပ်နည်းအဆင့်ဆင့် ငရုတ်နှင့်ကြက်သွန်ဖြူထောင်းကို ဆီသတ်၊ ကြွပ်လာ လျှင် ထောင်းထားသော မြေပဲကိုထည့်ပါ။ ဆားသင့်အောင် ထည့်ပြီး သမအောင်မွှေပါ။ ၎င်းနောက် ဒယ်အိုးကို မီးဖိုပေါ်မှ ချ၍ ဆီစစ်ထားသော ပဲပုပ်ချောင်းကြော်ကိုထည့်ပြီး သမအောင် မွှေပေးပါ။ ထိုအခါ အရသာထူးကဲသော ရှမ်းပဲပုပ် အစပ်ကြော် ဟင်းတစ်ခွက် ရရှိပါမည်။

ခဝဲသီးကြော်

Image
ပါဝင်သော ပစ္စည်းများ ခဝဲသီး၃ တောင့် ခရမ်းချဉ်သီး၂ လုံး ကြက်သွန်ဖြူ/ နီ နီ ၃ဥဖြူ၃ဥ ပြင်ဆင်ပုံ ၁။ ခဝဲသီးကို အနေတော် လှီးထားပါ။ ၂။ ကြက်သွန်နီ ပါးပါးလှီးထားပါ။ ၃။ ခရမ်းချဉ်သီးကို သင့်အောင်လှီးထားပါ။ ပြုလုပ်နည်းအဆင့်ဆင့် နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ကြက်သွန်နီ ဆီသတ် ပါ။ ပြီးလျှင် ခဝဲသီးများကို ရောကြော်ပါ။ ခဝဲသီးနွမ်းလျှင် ခရမ်းချဉ်သီးများထည့်ပါ။ ဆားသင့်အောင်ထည့်ပါ။ ထို့နောက် ကြက်သွန်ဖြူကို ဓားပြားရိုက်ထည့်၍ ချကာ သုံးဆောင်နိုင်ပါ သည်။

ရုံးပတီသီး

Image
ပါဝင်သော ပစ္စည်းများ ရုံးပတီသီး ၁၀တောင့် ကြက်သွန်နီ၂ဥ ကြက်သွန်ဖြူ ၂မြွှ သကြားလက်ဖက်ရည်ဇွန်းတစ်၀က် ဆား၊ မဆလာ သင့်ရုံစီ ပြင်ဆင်ပုံ ၁။ ရုံးပတီသီးရေဆေး၊ အညှာမပြတ်အောင် ထက်ခြမ်းခွဲ။ ၂။ ကြက်သွန်ဖြူ နီထောင်း၊ နနွင်း၊ သကြား၊ ဆား၊ ဆီထည့်ပြီး သမအောင်နယ်ပါ။ ပြုလုပ်နည်းအဆင့်ဆင့် ခြမ်းထားသော ရုံးပတီသီးများတွင် သမအောင်နယ် ထားသော ကြက်သွန်ဖြူ နီ စသည်တို့ကိုထည့်ပြီး ချက်မည့် အိုးတွင်စီထည့်၊ ပိုနေသော ကြက်သွန်နီ/ဖြူကို အပေါ်တွင် ဖြူးပါ။ မဆလာထည့်၊ ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်နှပ် ချက်။ ရုံးပတီသီးနူးလျှင် အပေါ့အငန်မြည်း၍ပြီးသုံးဆောင်ပါ။